မြင်းမူမှာ စစ်ကောင်စီအဖွဲ့ နေရာနှစ်ခုတွင် တိုက်ခိုက်ခံရပြီး ၇ ဦးခန့်သေဆုံး

Author ခူးဆယ်
Categories
Published on Oct 21, 2022

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ နေရာနှစ်ခုတွင် တိုက်ခိုက်ခံရပြီး အဆိုပါတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်းZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံခရိုင်)က သတင်းထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုများသည် မြင်းမူမြို့မရဲစခန်း၌ အရက် ထိုင်သောက်နေသည့် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သားများကို အောက်တိုဘာ ၂ဝရက် ည ၂ နာရီခန့်တွင် လက်ပစ်မိုင်းဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ကြောင့်ရဲတပ်သား၃ ဦးသေဆုံးခဲ့သည်။

ထို့ပြင် ယနေ့(အောက်တိုဘာ ၂၁)မနက်၅နာရီကျော် ခန့်တွင် မြင်းမူအထက်တန်းကျောင်း၌ တပ်စွဲနေသည့်စစ်ကောင်စီတပ်၏ ကင်းဂိတ်ကို ထပ်မံတိုက်ခိုက် ခဲ့ကာ စစ်သား၄ ဦးသေဆုံးသွားကြောင်းထုတ်ပြန်ချက်မှာပါရှိသည်။