မြင်းမူမြို့နှင့် ၀မ်းပြည့်ကျေးရွာကြားတွင် စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ စစ်ကောင်စီတပ်သား အထိအခိုက်များ

Author လင်းခိုင်
Categories
Published on Jan 08, 2023

 

မြင်းမူမြို့နှင့် ၀မ်းပြည့်ကျေးရွာကြားတွင် စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားများ အထိအခိုက်များခဲ့ကြောင်း People’s Army to Fight Dictatorship အဖွဲ့ ခေါင်းဆောင် ဗိုလ်တေဇက CJ Platform သို့ပြောကြားသည်။

“ေ-ွးအသေအပျောက် သေချာပေါက်ကို ရှိတယ်။ အဲ့ကားမှာ လူသုံးဆယ်လောက်ပါလာတယ်။ အဲ့ဒီမှာ အကောင်းက ဆယ်ယောက်လောက်ပဲ ကျန်တယ်။ ကျန်တဲ့သူတွေက လဲတဲ့သူကလဲ၊ ဒဏ်ရာရတဲ့သူက ရ၊ အဲ့ဒီသူတွေကို မိုးကာကြီးနဲ့ အုပ်ပြီးတော့ မြင်းမူမြို့ဘက်ကို ခေါ်သွားတာ” ဟု ဗိုလ်တေဇက ပြောကြားသည်။

ဇန်နဝါရီ ၈ ရက် နံနက် ၆ နာရီ ၄၇ မိနစ်အချိန်တွင် စစ်ကိုင်းတပ်မ ၃၃ မှ မုံရွာဘက် ထွက်လာသည့် စစ်ကားနှစ်စီးအနက် တစ်စီးကို ဒေသခံ PDF ပူးပေါင်းတပ်ဖွဲ့များက မြင်းမူမြို့နယ်နှင့် ၀မ်းပြည့်ကျေးရွာကြားတွင် ပြင်းအားပြင်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်ခံရသည့် ကားသည် လုံး၀ပျက်စီးသွားပြီး ၊ ပျက်စီးသွားသည့် ကားနှင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရသည့် စစ်ကောင်စီတပ်သားများကို ကားတစ်စီးဖြင့် သယ်ယူကာ မြင်းမူမြို့သို့ သယ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

အထက်ပါ စစ်ဆင်ရေးအား People’s Army to Fight Dictatorship၊ People’s Knight Defense Force Myinmu ၊ Taungtha People Defence Force၊ D.B.B.F MMU မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဗီဒီရို- People’s Army to Fight Dictatorship
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #မြင်းမူမြို့ #ဝမ်းပြည့်ကျေးရွာ #စစ်ကောင်စီကား #မိုင်းထိ