မြင်းမူမြို့နယ် တောချောင်းဦး နယ်မြေရဲစခန်းတိုက်ခိုက်ခံရ သေဆုံးသူနှင့်ထိခိုက်ဒဏ်ရာရသူများရှိ

Author ကိုပေါက်
Categories
Published on Nov 30, 2022

 

မြင်းမူမြို့နယ် တောချောင်းဦးကျေးရွာရှိ နယ်မြေရဲစခန်းကို ယနေ့ နံနက်ပိုင်းက ဒေသခံ ပြည့်သူ့ကာကွယ်ရေးတပ်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများ ရှိသည်ဟု မြို့ခံတွေဆီက သိရသည်။

ဒေသခံ ပြည်သူကာကွယ်ရေးတပ်များက တောချောင်းဦးကျေးရွာ နယ်မြေရဲစခန်းကို ယနေ့ နံနက် ၇ နာရီဝန်းကျင်က လက်နက်ကြီး ၊လက်နက်ငယ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု မြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။

“အခုထိ ပစ်နေတုန်းပဲ PDF တွေက ၄၀ မမ နဲ့ကိုပစ်တာ ရဲတွေဘက်က သေတဲ့သူရော ဒဏ်ရာရတဲ့သူရော ရှိတယ်”ဟု ပြောသည်။

နယ်မြေရဲကင်းကို ရဲစခန်း၏မြောက်ဘက်နှင့် အနောက်မြောက်ဘက်မှ လာရောက်ပစ်ခတ်ခြင်းဖြစ်ပြီး သေဆုံးသူ နှင့်ဒဏ်ရာရရှိသူ အခြေအနေကို အတည်မပြုနိူင်သေးကြောင်း စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“သေဆုံးနဲ့ ဒဏ်ရာရတဲ့ အခြေအနေကို ပြောလို့မရဘူး စီစစ်နေဆဲပဲရှိသေးတယ် “ဟုပြောသည်။

လက်ရှိအခြေအနေတွင် နှစ်ဘက်ပစ်ခတ်မှုများရှိနေပြီး စစ်ကောင်စီတပ်များက အင်အားဖြည့်တင်းရန် မြင်းမူမြို့ပေါ်သို့ ရောက်ရှိနေသည်ဟု မြို့ခံတွေဆီက သိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မြင်းမူမြို့ #တောင်ချောင်းဦးကျေးရွာ #နယ်မြေရဲစခန်း