မြင်းမူတွင် တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်ခံရ၊ ကိုရင်တစ်ပါးထိ

Author မင်းထက်
Categories
Published on Nov 22, 2023

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မန်ကျည်းကန် ကျေးရွာတွင် ယနေ့နံနက်ပိုင်း၌ စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ လေကြောင်းဖြင့် တိုက်ခိုက်ခံရကြောင်း ဒေသခံများက  CJ Platform သို့ ပြောသည်။

 

ထိုကျေးရွာကို ယနေ့ နို၀င်ဘာလ ၂၂ ရက်  နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

 

လတ်တလော တိမ်းရှောင်ရင်း ကိုရင်တစ်ပါးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

 

“Mi-35P တိုက်ခိုက်ရေး ရဟတ်ယာဥ်တစ်စီးနဲ့ ဘုန်းကြီးကျောင်း၀င်းထဲကို ပစ်သွားတယ်။ ရဟတ်ယာဥ်၀ဲတော့ တိမ်းရှောင်တာလုပ်ရင်း ထိသွားတာဖြစ်မယ်။ ခုလတ်တလောတော့ ကိုရင်တစ်ပါးထိခိုက်တယ်။ ဒီလောက်ပဲ သိရသေးတယ်” ဟု ဒေသတွင်း  ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောသည်။

 

မန်ကျည်းကန်ကျေးရွာအတွင်း ထိခိုက်ပျက်ဆီးရမှု အခြေအနေများကို CJ Platform သတင်းဌာနမှ  ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။