မဲနယ်တောင်ဒေသက NLD ထောက်ခံသည့် ရွာလူကြီး ဖမ်းဆီးခံရပြီးနောက် သေဆုံး(သတင်းတို)

Author ကိုထားဝယ်
Categories
Published on Mar 22, 2024

ရှမ်းပြည်(တောင်ပိုင်း)၊ ပအိုးဝ်ဒေသ၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသက ဗန်းကွန်ရွာရှိ ရပ်ရွာလူကြီးတစ်ဦးသည် စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရပြီးနောက် ပြီးခဲ့သည့်မတ်လ ၁၈ ရက်က သတ်ဖြတ်ခံခဲ့ရကြောင်း ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA/PNLO)ထံမှ သိရသည်။

 

ရပ်ရွာလူကြီး ဦးခွန်ထွက်ထီးသည် ကျေးရွာတိုးတက်ရေး၊ ပအိုးဝ်ဒေသ မူးယစ်းဆေးဝါးကင်းစင်ရေးတို့တွင် တက်တက်ကြွကြွပါဝင်ခဲ့သူဟု PNLA က ညွှန်းဆိုသည်။

 

၎င်းသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကို အားပေးထောက်ခံသူတစ်ဦးဖြစ်သဖြင့် စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ယနေ့ မတ်လ ၂၂ ရက်တွင် ထုတ်ပြန်ပြောဆိုသည်။

 

စစ်ကောင်စီသည် ဟိုပုံးမြို့၊ မဲနယ်တောင်ဒေသကို လေယာဉ်အပါအဝင် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးပစ်ခတ်မှုပြုလုပ်နေသည့်အတွက် ယင်းဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရသည်။