မော်လူးမြို့ကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

Author မင်းထက်
Categories
Published on Dec 13, 2023

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့ကို ABSDF(NB) အမှတ်(၁) စစ်ကြောင်း၊ KIA နှင့် PDF ပူးပေါင်းတပ်များ ယနေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ABSDF အဖွဲ့က CJ Platform သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။

 

ယနေ့ စက်တင်ဘာလ ၁၃ ရက် သန်းခေါင်ယံ ၂ နာရီ ဝန်းကျင်မှစ၍ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ၄ နာရီ ဝန်းကျင် ကြာမြင့်ခဲ့ပြီးနောက် နံနက် ၆ နာရီဝန်းကျင်တွင် မော်လူးမြို့ကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က အတည်ပြုသည်။

 

” တိုက်ခိုက်သိမ်းပိုက်ခဲ့မှုက Confirm ဖြစ်ပါတယ်။ အသေးစိတ်ကို ဆက်လက်ထုတ်ပြန်ပေးပါမယ်” ဟု ABSDF တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

လတ်တလော သိမ်းဆည်းမှုများကို စိစစ်နေပြီး စစ်ကောင်စီက နံနက် ၇ နာရီခွဲခန့်တွင် ဂျက်ဖိုက်တာ ၂ စီးဖြင့် ရဲစခန်းတဝိုက်ကို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယခုမော်လူးမြို့အပါအ၀င် ကောလင်း၊ ခမ်းပတ်နှင့် ရွှေပြည်အေးမြို့  စသည့် မြို့ ၄ မြို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။

 

 

ဓာတ်ပုံ – ABSDF