မော်လမြိုင်တွင် ဆိုင်ကယ်ကယ်ရီသမားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား ဓားဖြင့်ထိုးကာ ဆိုင်ကယ်လုယက်

Author မေ
Categories
Published on Dec 12, 2022

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ အမျိုးသားတစ်ဦးက ဆိုင်ကယ်ဖြင့်အတူလာသူ နှစ်ဦးအား ဓါးဖြင့်ထိုးကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့သည်။

ဒီဇင်ဘာ ၁၁ရက် ည ၁၁နာရီဝန်းကျင်အချိန်က မော်လမြိုင်မြို့၌ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူ အမျိုးသား၊ ၎င်း၏ သူငယ်ချင်းဖြစ်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်း သုံးဦးတို့မှာ ဆိုင်ကယ်တစ်စီးဖြင့် လာကြစဉ် သာယာအေးအုတ်ဖိုလမ်းသို့ ရောက်ရှိလာခဲ့သည်။

ထိုလမ်းသို့ ရောက်ရှိစဉ်၌ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူ၏ သူငယ်ချင်းဖြစ်သူ အမျိုးသားက ကယ်ရီမောင်းနှင်သူနှင့် အတူပါလာသော အမျိုးသမီးတို့အား ဓါးဖြင့်ထိုးကာ ဆိုင်ကယ်အား လုယက်ပြီး ထွက်ပြေးသွားခဲ့သည်။

” ဆိုင်ကယ်နဲ့ အတူလာကြရင်း တက္ကစီသမားရဲ့ သူငယ်ချင်းက အတူပါလာတဲ့ တက္ကစီသမားနဲ့ အမျိုးသမီးကို ဓါးနဲ့ထိုးပြီး ဆိုင်ကယ်လုပြေးသွားတာပါ”ဟု ကျန်းမာချမ်းသာလူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ဆိုင်ကယ်ကယ်ရီမောင်းနှင်သူနှင့် အမျိုးသမီး၌ လည်ပင်း၊ ရင်ဘတ်တို့၌ ပြတ်ရှဒဏ်ရာများရရှိခဲ့ကာ မော်လမြိုင်ဆေးရုံ၌ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။ ဓါးဖြင့်ထိုးကာ ဆိုင်ကယ်လုယက်သွားသူအား ဖမ်းဆီးရမိခြင်း မရှိသေးပေ။

ဓာတ်ပုံ- CJ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မွန်ပြည်နယ် #မော်လမြိုင်မြို့ #ဆိုင်ကယ်လုယက်