မော်ရိုကိုအသင်းကို ရှုံးပြီးနောက် ဘယ်လ်ဂျီယံနိုင်ငံအတွင်း အဓိကရုဏ်းများဖြစ်ပေါ်နေ

Author မောင်ရှမ်း
Categories
Published on Nov 28, 2022

ပြီးခဲ့တဲ့ညက ကစားခဲ့တဲ့ ဘယ်လ်ဂျီယံနဲ့ မော်ရိုကိုတို့ရဲ့ ပွဲစဉ်မှာ မော်ရိုကိုက ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီးနောက်မှာတော့ ဘယ်လ်ဂျီယံနိုင်ငံရဲ့ မြို့တော် ဘရပ်ဆဲလ်မှာ အဓိကရုဏ်းတွေဖြစ်ပေါ်ခဲ့ပါတယ်။ ဒါဇင်နဲ့ချီတဲ့ပရိသတ်တွေဟာ မြို့လယ်ခေါင်မှာ ကားတစ်စီးကို မှောက်ပစ်လိုက်ကြပြီး တခြားကားတွေကိုလည်း ခဲတွေနဲ့ပစ်ပေါက်ဖျက်ဆီးခဲ့ကြသလို လျှပ်စစ်ဆိုင်ကယ်တွေကိုလည်း မီးရုှိ့ဖျက်ဆီးခဲ့ကြတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေအသုံးပြုကာ လူစုခွဲခဲ့ရတယ်လို့ သိရပါတယ်။ ဘယ်လ်ဂျီယံရဲ့တပ်ဖွဲ့ကတော့ ဆူပူသောင်းကျန်းမှုကို ဦးဆောင်ခဲ့ကြတဲ့ လူ ၁၁ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဘရုပ်ဆဲလ်မြို့တော်ဝန်ကတော့ ပြည်သူတွေအနေနဲ့ မြို့လည်ခေါင်ကို မလာကြဖို့တိုက်တွန်းခဲ့ပြီး အာဏာပိုင်တွေအနေနဲ့ အခြေအနေတွေကို အမြန်ဆုံးတည်ငြိမ်အောင် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဆူပူမှုတွေဟာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ နယ်သာလန်ကိုလည်း ကူးစက်သွားခဲ့ပြီး လူဦးရေများပြားတဲ့ ရော့တာဒမ်မြို့မှာလည်း မီးရှူးမီးပန်းတွေနဲ့ ပစ်ပေါက်ပွဲခံနေကြတဲ့ ပရိသတ် ၅၀၀ လောက်က ရဲတပ်ဖွဲ့က လူစုခွဲခဲ့ရတယ်လို့ သိရပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံဟာ လူဦးရေ ၁၁.၅ သန်းကျော်ရှိတဲ့နိုင်ငံဖြစ်ပြီး တစ်နိုင်ငံလုံးရဲ့ ၂၀ ရာခိုင်နှုန်းနီးပါးက မော်ရိုကိုနွယ်ဖွားတွေဖြစ်တယ်လို့ သိရပါတယ်။ မော်ရိုကိုနွယ်ဖွား ၅ သိန်းလောက်ရှိတဲ့ ဘယ်လ်ဂျီယံမှာ ၂၀၁၇ ခုနှစ်တုန်းကလည်း မော်ရိုကိုအသင်း ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ချိန်မှာ အခုလိုပဲ အဓိကရုဏ်းတွေဖြစ်ခဲ့လို့ ရဲအရာရှိပေါင်း ၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အခုလိုအဓိကရုဏ်းဖြစ်ပွားရခြင်းအကြောင်းရင်းကတော့ ဘယ်လ်ဂျီယံလိုနာမည်ကြီးအသင်းကို မော်ရိုကိုက ၂ ဂိုးပြတ်အနိုင်ရခဲ့လို မော်ရိုကို လူမျိုးတွေ အကြီးအကျယ်အောင်ပွဲခံခြင်းကနေ စတင်ခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။