မူးယစ်တပ်ဖွဲ့မှ ရဲတပ်သားတစ်ဦး ဆေးကြောင်ပြီး ဖခင်နေအိမ်ကို မီးပြန်ရှို့လို့ ဖမ်းဆီးခံရ

Author အောင်နိူင်သူ
Categories
Published on Oct 14, 2022

သဲကုန်းမြို့နယ်တွင် မူးယစ်တပ်ဖွဲ့မှ ရဲတပ်သားတစ်ဦးဆေးကြောင်ပြီး နေအိမ်ကို မီးရှို့၍ ဖမ်းဆီးခဲ့ရသည်ဟု မြို့ခံတွေဆီက သိရသည်။

သဲကုန်းမြို့နယ် မြို့မရပ်ကွက် ရိပ်သာလမ်းတွင် ယနေ့ မနက် အစောပိုင်းက ဖခင်ဖြစ်သူ၏ နေအိမ်ကို မီးရှို့ခဲ့၍ ဖမ်းဆီးခံခဲ့တာဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“သူက မူးယစ်မှာလည်း တာဝန်ကျဖူးတယ် သဲကုန်းရဲစခန်းမှာရော ဖမ်းမိတဲ့ ဆေးတွေကို စမ်းသုံးရင်းနဲ့ရော WY တွ အလွယ်ရနေတော့ စမ်းသုံးရင်း ဆေးစွဲသွားတာ ဖခင်ဖြစ်သူနဲ့စကားများပြီး အိမ်ကိုမီးရှို့တာ မီးသတ်က မီးငြိမ်းပေမဲ့ တစ်အိမ်လုံးပြာကျသွားတယ် အခြားအိမ်တွေတော့ မီးမကူးဘူး”လို့ ပြောသည်။

မီးလောင်မှု့ဖြစ်ရာနေရာသို့ သဲကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး ရေသယ်ယာဉ်၂.စီးဖြင့် ၁၅မိနစ်ကြာ မီးငြိမ်းသတ်ခဲ့ရသည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။

လက်ရှိအခြေအနေတွင် မီးရှို့ခဲ့သူ ရဲတပ်သားသူရလွင်ကို သဲကုန်းမြို့မရဲစခန်းမှ ဖမ်းဆီးထိန်းသိမ်းထားပြီး အမှုဖွင့် အရေးယူနိူင်ရန် စစ်ဆေးနေသည်ဟု ရဲတပ်ဖွဲ့မှ သိရသည်။