မုံးကိုးတွင် စစ်ကောင်စီဗုံးကြဲမှုကြောင့် ကလေးငယ်များအပါအဝင် အရပ်သားငါးဦးသေဆုံး

Author ခေတ်နီ
Categories
Published on Nov 06, 2023

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ်အတွင်းရှိ မုံးကိုးဒေသကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကလေးငယ်သုံးဦးအပါအဝင် အရပ်သား ငါးဦးသေဆုံးကြောင်း ကိုးကန့်တပ်မတော် MNDAA က ထုတ်ပြန်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေတွင် မုံးကိုးဒေသရှိ စကစ အမှတ် (၃) တပ်စခန်းနှင့် မုံးကိုးဗျူဟာကုန်း အနောက်ဘက် တောင်ကုန်းရှိ အမှတ်(၄) တပ်စခန်းကို မြောက်ပိုင်းမဟာမိတ်တပ်များမှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ လေကြောင်းသုံး ဗုံးကြဲခဲ့မှုကြောင့် မုံးကိုးခရိုင်၊ မုံးကြည်ဒေသ၊ နန်တုန်ရွာအုပ်စု၊ ရှင်းကျိုင့်ရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ်သုံးဦးအပါအဝင် အရပ်သား ငါးဦးသေဆုံးခဲ့ရခြင်းဖြစ်ကြောင်း MNDAA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုစခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ တပ်သား ၁၃ ဦးကိုလည်း MNDAA၊ AA တပ်ဖွဲ့ဝင်များမှ ခြေမှုန်းနိုင်ခဲ့ကြောင်း သိရသည်။

ထိုနည်းတူ ထိုနေ့ ညနေပိုင်းတွင်လည်း စစ်ကောင်စီတပ်မှ မုံးယောင်ဒေသ၊ ဟွေလော့ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး​ အရပ်သားတစ်ဦးလည်း သေဆုံးခဲ့ကြောင်း သိရသည်။

Related News

Depend on news