မုံရွာမြို့ လယ်ဇင်ကျေးရွာတံတားနှင့် လမ်းများကို စစ်ကောင်စီတပ် ဖျက်ဆီး

Author ခေတ်နီ
Categories
Published on Oct 05, 2022

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် လယ်ဇင်ကျေးရွာရှိ ကျေးရွာအဝင်တံတားနှင့် လမ်းများကို စစ်ကောင်စီတပ်မှ မြေတူးစက်ဖြင့် ဖျက်ဆီးသွားခဲ့ကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

လယ်ဇင်ကျေးရွာကို ယနေ့ အောက်တိုဘာလ (၅) ရက် နံနက် ၉နာရီဝန်းကျေင်အချိန်ခန့်မှာ စစ်ကောင်စီတပ်များက သံပြားကာ (၂) စီး ၊ ဘတ်ဖိုး (၁) စီး ရောက်ရှိလာပြီး လယ်ဇင်ရွာအဝင် တံတားနှင့် ကျေးရွာထိပ် ဆိုင်းဘုတ်အနီးမှ လမ်းကို ဖျက်ဆီးသွားတာပဲဖြစ်သည်။

အခုလိုဖျက်ဆီးတာနဲ့ပတ်သတ်လို့ စစ်ကောင်စီကိုထောက်ခံသည့် ဝါဒဖြန့်telegramများကနေပြီး ဒေသကာကွယ်ရေးတပ်များက အဆိုပါနေရာများမှာ ကားမိုင်းနှင့် လက်လုပ်မိုင်းများ ထောင်ထားတာကြောင့် ဖယ်ရှား တာဖြစ်ကြောင်း ပြောဆို ဝါဒဖြန့်မှုများ လုပ်ဆောင်သည်။

ထို့အတူ အောက်တိုဘာလ (၄) ရက်နေ့ကလဲ မုံရွာအမြင့်လမ်းညောင်ပင်စောက် ကျောက်ပေါက်ကွေ့လမ်းကို စစ်ကောင်စီကမြေတူးစက်နဲ့ ထိုးပြီး ဖျက်ဆီးခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အင်အားကောင်းမွန်သည့် ဒေသများတွင် လမ်းပိုင်းဖျက်ဆီးမှုများကို ဆက်တိုက်လုပ်ဆောင်နေသည်။