မုံရွာမြို့နယ်ရှိ သိန်းတရာရွှေဆိုင် ဓားပြတိုက်ခံရ

Author အောင်နိုင်သူ
Categories
Published on Sep 11, 2022

မုံရွာမြို့နယ် ဘုရားကြီးရပ်ကွက်ရှိ သိန်းတရာရွှေဆိုင်တွင် ယနေ့ မနက်ပိုင်းက အမည်မသိ သေနတ်ကိုင်ဆောင်ထားသော သူတွေက ဓားပြဝင်ရောက်တိုက်ခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။
မုံရွာမြို့နယ် ဘုရားကြီးရပ်ကွက် တရုတ်တန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံရှိ သိန်းတရာရွှေဆိုင်ကို ယနေ့ နံနက် ၁၁ နာရီက သေနတ်ကိုင်ဆောင်ထားသည့် အမည်မသိအမျိုးသားငါးဦးက ဓားပြတိုက်ခဲ့သည်ဟု မြို့ခံတစ်ဦးကပြောသည်။
“ရွှေဆယ်ပိသာပါသွားတယ်လို့ ပြောနေကြတယ် သေနတ်ဖောက်သံမကြားရတော့ ဓားပြတိုက်မှန်မသိဘူး ပြီးမှသိတာ”ဟု ရှင်းပြသည်။
ဒေသခံများ၏ပြောဆိုချက်အရ ဓားပြတိုက်ရာတွင် ရွှေဆယ်ပိသာပါသွားသည်ဟုသာသိရပြီး CJ Platform အနေဖြင့် သီးခြားအတည်ပြုနိူင်ခြင်း မရှိပေ။
ဓားပြတိုက်ပြီးနောက် စစ်ကောင်စီနှင့်ရဲများသည် ပြစ်မှုကျူးလွန်သူများကို လိုက်လံရှာဖွေဖမ်းဆီးခဲ့ရာ ဖမ်းဆီးရမိခြင်းမရှိကြောင်း မြို့ခံတွေဆီက သိရသည်။
မုံရွာမြို့နယ်တွင် ပြီးခဲ့သောလများအကလည်း ဓါးပြတိုက်ခံရမှု ဖြစ်စဉ်များရှိခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝှမ်း၌ လုယက်မှု၊ ဓါးပြတိုက်မှု ဖြစ်စဉ်များမှာ ပိုမိုဖြစ်ပွားလာတာ ဖြစ်သည်။