မုံရွာတွင် PDF ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်မှုကြောင့် ကင်းပုန်းဝပ်နေသည့် ဖက်ဆစ် စစ်တပ်မှ ခြောက်ဦး သေ

Author လင်းခိုင်
Categories
Published on Oct 30, 2022

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် PDF ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်မှုကြောင့် ကင်းပုန်းဝပ်နေသည့် ဖက်ဆစ် စစ်တပ်မှ ခြောက်ဦးသေဆုံးခဲ့ကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော်က ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

ယနေ့ နံနက် ၁နာရီ ၁၉မိနစ်တွင် မုံရွာမြို့၊ စက်မှုှုဇုန်ရပ်ကွက်၊ ဗိုလ်တေဇလင်းနှင့် ပိတောက်လမ်းထောင့်၊ ကံပြားလေးရွာ၏ မြောက်ဘက်၊ ဦးအေးမြလမ်းတွင် ကင်းပုန်းဝပ်နေသည့် ဖက်ဆစ် စစ်တပ်အား PDF ပူးပေါင်းတပ်ဖွဲ့က လက်လုပ် ဗုံးများဖြင့် တိုက်ခိုက်ခဲ့ပြီး ဖက်ဆစ် စစ်တပ်မှ အနည်းဆုံး ခြောက်ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။

“ ည တစ်နာရီကျော်လောက်က ပေါက်ကွဲသံကြားပြီး သေနတ်သံတွေတောက်လျှောက်ကြားရတယ်။ ဘယ်နေရာမှာဖြစ်တယ်ဆိုတာမသိဘူး။ တစ်ခါတလေ ခွေးတွေက သူတို့ဖာသာလျှောက်ပစ်နေတာ၊ မနက်မှ ခွေးတွေကို လာတိုက်သွားတယ်ဆိုတာသိရတယ်” ဟု မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၆နှစ်အရွယ် အမျိုးသားတစ်ဦးက CJPlatform သို့ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုတွင် PDF ပူးပေါင်းတပ်ဖွဲ့မှ သေဆုံးသွားသည့် ဖက်ဆစ် စစ်တပ်၊ တပ်သားများ၏ လက်နက်ကို ကောက်ယူရန်ကြိုးစားသော်လည်း အနီးဝန်းကျင်ရှိ ဖက်ဆစ် စစ်တပ်မှ လိုက်လံပစ်ခတ်သည့်အတွက် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အထက်ပါ စစ်ဆင်ရေးကို M.R.D.A တပ်ရင်း ၆၊ တပ်ခွဲ ၁ နှင့် နွေဦးသစ္စာပြောက်ကျားတပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ပြည်သူ့ရဲဘော်များအနေဖြင့် ထိခိုက်မှုတစ်စုံတစ်ရာရရှိခဲ့ခြင်းမရှိပေ။

Related News

Depend on news