မုံရွာတွင် စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်

Author မင်းထက်
Categories
Published on Nov 04, 2023

စစ်ကိုင်းတိုင်း၊ မုံရွာမှထွက်လာသော စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Peace Takers Task Force(PTTF) တာ၀န်ခံက CJ Platform သို့ ပြောသည်။

 

ကား ၄ စီးပါ စစ်ကောင်စီယာဥ်တန်းကို မုံရွာမြို့အထွက် မအူရွာနှင့် မြေနဲကြားတွင် PTTF နှင့် The Brightness Monywa အဖွဲ့တို့ပူးပေါင်း၍ နို၀င်ဘာလ ၂ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် ပဒေသာ ၃ လုံးတွဲ  ၃ ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

” ကျနော်တို့ (၃)လုံးတွဲ (၃) ပွိုင့်ဆွဲတာ။ နောက်ဆုံးအစီး အဲဒီနားမှာတင် ထိုးရပ်သွားတာဗျ။ ဖြစ်တာက ဂိတ်နှစ်ဂိတ်ကြားမှာဆိုတော့ ဂိတ်ထဲလို့ပဲ ယူဆရတယ်ဗျ။ ပြန်ဝင်တယ်လည်းမကြားသေးတော့လေ  ” ဟု PTTF တာ၀န်ခံက ပြောသည်။

 

မိုင်းဆွဲတိုက်ခိုက်ခံရသော စစ်ကောင်စီ ကားတစ်စီးမှာ နို၀င်ဘာ ၃ ရက်နေ့အထိ ဂိတ်တွင် ထိုးထားဆဲဖြစ်ကြောင်းသိရသည်။

 

တိုက်ခိုက်ခံရမှုအပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့မှုရှိကြောင်းသိရပြီး တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ထိုသို့မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သေဆုံးထိခိုက်မှုရှိမရှိကို တော်လှန်ရေးတပ်ဖွဲ့များမှ စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။