မုံရွာတွင် ကင်းလှည့်လာသော စစ်သားများကို တိုက်ခိုက်မှု တစ်ဦးသေဆုံး

Author မင်းထက်
Categories
Published on Nov 29, 2023

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊  မုံရွာ-အမြင့် လမ်းပေါ်ရှိ ညောင်ပင်သာရပ်ကွက်မှ ကင်းလှည့်လာသော စစ်ကောင်စီတပ်သားများကို ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ  တစ်ဦးသေဆုံးခဲ့ကြောင်း Monywa Fire Group ဒုတာဝန်ခံ ကိုခွပ်ကြီးက CJ Platform သို့ ပြောသည်။

 

နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်ခန့်က မုံရွာမြို့၊ မုံရွာ-အမြင့်လမ်းပေါ် ညောင်ပင်သာ ရပ်ကွက်တွင် တပ်စွဲထားသော စခန်းမှ  ကင်းလှည့်ထွက်လာသော စစ်ကောင်စီတပ်သား ၅ ဦးအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

“လပြည်နေ့ညမှာ စတင်တိုက်ခဲ့တာပါ။ တပ်စွဲထားတာက အင်အား ၃၀ လောက်တော့ရှိတယ်။ ကင်းပုန်းဝတ်ဖို့ဆင်းလာတဲ့ စကစ ငါးကောင်ကိုစောင့်ပြီးလက်နက်ငယ်များနဲ့တိုက်ခိုက်ခဲ့တယ်ဗျာ။ တစ်ယောက်ကတော့ ပုန်းကနဲလဲကျသွားတယ် ကျန်နှစ်ယောက်ကတော့ထိတယ် နောက်နှစ်ယောက် ကခံပစ်တယ်” ဟု ဒုတာဝန်ခံ ကိုခွပ်ကြီးက ပြောသည်။

 

၄င်း တိုက်ခိုက်မှုကို Monywa Fire Group နှင့် Monywa U Nit Force ညီနောင်များ ပူးပေါင်းပြီး ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲကြောင်း ၊ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားများက ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များမှာ အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။