မိုးဗြဲ တစ်လတာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၈၀ ဦးသေပြီး ကရင်နီပူးပေါင်းတပ်များဘက်မှ ၉ဦးကျဆုံး

Author ခေတ်နီ
Categories
Published on Oct 02, 2022

ရှမ်း ကရင်နီဒေသအစပ် မိုးဗြဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တစ်လတာတိုက်ပွဲများအတွင်းမှာ စစ်ကောင်စီဘက်က ၈၀ဦးထက်မနည်း သေဆုံးပြီး ကရင်နီကာကွယ်ရေးပူးပေါင်းအဖွဲ့များဘက်က ၉ ဦးကျဆုံးခဲ့တယ်လို့ မိုးဗြဲPDFက ယနေ့မှာ သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၈ရက်နေ့ကနေစပြီး မိုးဗြဲမြို့အတွင်းကို စစ်ကောင်စီဘက်က ခြေကုတ်ယူရန် ကြိုးပမ်းလာမှုကြောင့် ကရင်နီပူးပေါင်းအဖွဲ့များဖြစ်သည့် မိုးဗြဲPDF၊ ဖယ်ခုံPDF၊ လွိုင်ကော်PDF၊ ကရင်နီတပ်မတော်KA၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF၊ ဒီမော့ဆိုPDF ၊KRU ၊KGZတို့မှ ပူးပေါင်းတိုက်ခိုက်နေခဲ့တာပဲ ဖြစ်သည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ၈၀ဦးထက်မနည်းသေဆုံးခဲ့ပြီး လက်နက်အများအပြား သိမ်းဆည်းရမိခဲ့ကာ မိုးဗြဲPDFမှ ၆ဦး ဖယ်ခုံPDFမှ ၁ဦး URFမှ ၂ဦး ကျဆုံးခဲ့တာဖြစ်ပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ ရဲဘော် ၅၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁၀ဦးမှာ စိုးရိမ်ရဒဏ်ရာများ ရရှိခဲ့တာပဲဖြစ်သည်။

ဒါ့အပြင့် စစ်ကောင်စီတပ်က လေကြာင်းနှင့် လက်နက်ကြီးအသုံးပြုပစ်ခတ်မှုများကြောင့် ကလေးငယ် ၃ဦးအပါအဝင် အရပ်သား၆ဦးသေဆုံးခဲ့ပြီး ၁၃ဦးဒဏ်ရာရှိခဲ့ပါသေးသည်။

လက်ရှိအချိန်အထိ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်များကြားစစ်ရေးတင်းမာနေသေးပြီး ပြည်သူများအနဖြင့် တိုက်ပွဲဖြစ်ပွားရာအနီးတဝိုက်ကို သွားလာခြင်းမပြုကြဖို့ ကိုလဲ မိုးဗြဲPDFက မေတ္တာရပ်ခံထားသည်။