မိုးဗြဲအတွက် Computerကံစမ်းရင်း တော်လှန်ရေးမှာပါဝင်ကူ

Published on Sep 14, 2022

တိုက်ပွဲပြင်းထန်နေသည့် မိုးဗြဲဒေသအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ပေါက်ရင်ယူ မပေါက်ရင်လှူ Computerကံစမ်းရင်း တော်လှန်ရေးမှာပါဝင်ကူအစီအစဉ်ကို ကယန်းသမီးပျိုများ စစ်ရှောင်ကူညီရေးအသင်းမှ မိတ်ဆက်လာသည်။

စစ်ဘေးရှောင်မိသားစုများအနက် ကျောင်းသား ၂၆၀၀ကျော်၊ ကျောင်းအိပ်ကျောင်းစား ကျောင်းသား ၆၁ဦးနှင့် စစ်ရှောင်မိသားစု ၅၀၀ကျော်ကို ကူညီထောက်ပံ့ပေးနိုင်ရန် ရန်ပုံငွေရှာ ကံစမ်းခြင်းကို လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ စစ်ရှောင်တွေနဲ့ စာသင်ကျောင်းတွေကို ကူညီရင်းနဲ့ အခုလက်ရှိတောင်မှ အကြွေး သိန်း၃၀ကျော်တင်နေတယ်၊ တိုက်ပွဲတွေပြင်းထန်နေတော့ စစ်ရှောင်တွေလည်း ပိုများလာတယ်၊ ဒါ့ကြောင့် ကျွန်တော်တို့ တစ်လပဲ အသုံးပြုရသေးတဲ့ Laptop လေးကို ကံစမ်းမဲအဖြစ် ရောင်းချရတာပါ ကံစမ်းမဲတစ်စောင်ကို တစ်သောင်းကျပ်ပဲ သတ်မှတ်ထားတာပါ ကူညီပေးအားပေးကြပါ”ဟု ကယန်းသမီးပျိုများ စစ်ရှောင်ကူညီရေးအသင်း တာဝန်ခံ ဆရာမင်းဘုဏ်းလူ (၅၀၅)ကပြောသည်။
ကံစမ်းမဲဝယ်ယူလိုသူများအနေဖြင့် ကယန်းသမီးပျိုများ စစ်ရှောင်ကူညီရေးအသင်း၏ Facebook Page ဖြစ်သည့် https://www.facebook.com/Kayan-Phomus-IDPS-Support-Team-KPIST-101252162622217/ တွင် ဆက်သွယ်ဝယ်ယူခြင်းဖြင့် ကူညီနိုင်ကြောင်း သိရသည်။
ကယန်းသမီးပျိုများ စစ်ရှောင်ကူညီရေးအသင်း တာဝန်ခံ ဆရာမင်းဘုဏ်းလူ (၅၀၅)သည် CJ Platform Media၏ ပင်တိုင်ဆောင်းပါးရှင်တစ်ဦးဖြစ်ပြီး ကံစမ်းမဲအဖြစ် လေလံတင်ရောင်းချသည့် Laptop သည် စစ်ရှောင်ကူညီရေးအသင်း၏ လုပ်ငန်းတာဝန်များနှင့် နွေဦးတော်လှန်ရေးအတွင်းရှိ လူမှု့ဘဝများအကြောင်းများကို ဆောင်းပါးရေးသားရာတွင် အသုံးပြုနေသည့် Laptop ဖြစ်သည်။

Related News

Depend on news