မိုးဗြဲတိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျည်ထိမှန်ပြီး ကလေးငယ်တစ်ဦး ဆုံးပါး

Author ခေတ်နီ
Categories
Published on Sep 09, 2022

ရှမ်း ကရင်နီနယ်စပ် မိုးဗြဲတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့တယ်လို့ မိုးဗြဲဒေသခံများနှင့် ရှေတန်းစစ်ရေးရင်းမြစ်များထံမှ သိရသည်။

မိုးဗြဲမြို့မှာ ယမန်နေ့မနက် ၈နာရီဝန်းကျင်ခန့်ကတည်းက စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ဒေသကာကွယ်ရေးတပ်များကြား တိုက်ပွဲများပြင်းထန်နေခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများပါ အသုံးပြုပြီး တိုက်ခိုက်ခဲ့တာပဲ ဖြစ်သည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ၁၀ဦး ထက်မနည်းသေဆုံးခဲ့ကာ သံချပ်ကာယာဥ်အပါအဝင် တပ်ကူအများအပြားပါ အသုံးပြုခဲ့ပြီး စစ်ကောင်စီဘက်ကပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ကာ အသက် ၁၀နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တာပဲ ဖြစ်သည်။

လက်ရှိ အချိန်အထိ မိုးဗြဲမြို့မှာ တိုက်ပွဲများဖြစ်ပေါ်နေသေးပြီး ပြည်သူများအနေဖြင့် မိုးဗြဲမြို့အနီးတဝိုက်ကိုသွားလာခြင်းမပြုလုပ်ကြရန်လဲ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ဗဟိုက မေတ္တာရပ်ခံထားသည်။