မိုးကြီးရေလျှံမှု ထိုင်းမှာဖြစ်စေနိုင်တဲ့လေပွေလှိုင်း မြန်မာကို ရိုက်ခတ်နိုင်

Author CJ Platform
Categories
Published on Dec 12, 2024

တောင်တရုတ်ပင်လယ်ဘက်က လေပွေလှိုင်းဟာ ထိုင်းပင်လယ်ကွေ့ကို ရွေ့လျားဝင်ရောက်လာတာကြောင့် ဒီဇင်ဘာ ၁၃ ရက်ကနေ ၁၅ ရက်အတွင်း ထိုင်းနိုင်ငံတောင်ပိုင်းဒေသတွေမှာ မိုးသည်းထန်ကာ ရေကြီးရေလျှံခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးထားပါတယ်။

ဒီဇင်ဘာ ၁၄ ရက်နေ့မှာ လေပွေလှိုင်းဟာ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းကို ရောက်ရှိမှာဖြစ်ပြီး တနင်္သာရီတိုင်းတောင်ပိုင်း မြိတ်မြို့အောက်ဘက်ဒေသ‌တွေဖြစ်တဲ့ ဘုတ်ပြင်း၊ မောတောင်၊ ကော့သောင်းတို့မှာ ဒီဇင်ဘာ ၁၂ ရက်နေ့ကနေ ၁၅ ရက်နေ့အတွင်း မိုးအသင့်အတင့်ကနေ မိုးသည်းထန်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောပါတယ်။