မိုးကုတ်တွင် ကျောက်တွင်းပြိုကျမှုဖြစ် ကျောက်ရှာသူ အမျိုးသားတစ်ဦး သေဆုံး

Author ကိုပေါက်
Categories
Published on Dec 26, 2022

မိုးကုတ်မြို့နယ် ရေပူရပ်ကွက် ကတုတ်ကွက်သစ်တွင် ယနေ့ နေ့လယ်ပိုင်းက ကျောက်တွင်း ပြိုကျမှုကြောင့် အမျိုးသား တစ်ဦး သေဆုံးသွားသည်ဟု မြို့ခံတွေဆီက သိရသည်။

ရေပူရပ်ကွက် ကတုတ်ကွက်သစ်တွင် ယနေ့ နေ့လယ် ၁၂နာရီကျော်က အနက် ၈၀ ပေ၊ အကျယ် ၄ ပေခန့်ရှိသည့် ကျောက်တွင်းဟောင်းအတွင်း ကျောက်ရှာရာမှ အမျိုးသားတစ်ဦး တွင်းပြိုကျ၍ သေဆုံးခဲ့တာဖြစ်သည်ဟု မြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။

“ကျောက်တွင်းအဟောင်းမှာ ကျောက်ရှာတာ ပြိုကျပြီးပိသွားတယ် မီးသတ်တွေရော ပရဟိတအဖွဲ့တွေရော ကယ်သေးတယ် အသက်မမှီဘူး”ဟု ပြောသည်။

ကျောက်တွင်းပြိုကျရာသို့ လယ်ဦးနယ်မြေမီးသတ်စခန်းမှ သန္ဓမေီးသတ်တပ်ဖွဲဝင်နှင့် မြတ်စေတနာလူမှုကူညီရေးအသင်းမှ ရှာဖွေခဲ့ရာ သေဆုံးနေသည့်ရုပ်အလောင်းကိုတွေ့ရှိခဲ့သည်ဟု မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက CJ Platformကိုပြောသည်။

“ကျောက်တွေပိနေတော့ ရောက်တဲ့အချိန်မှာ အသက်မမှီတော့ဘူး အခုပဲ ပရဟိတအဖွဲ့က လူနာတင်ယာဥ်နဲ့ ဆေးရုံကိုပို့လိုက်ပါတယ် သေဆုံးသူနဲ့ပတ်သက်လို့တော့ စုံစမ်းနေတုန်းပါ”ဟု ရှင်းပြသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို မြတ်စေတနာလူမှုကူညီရေးအသင်းမှ လူနာတင်ယာဥ်ဖြင့် မိုးကုတ်မြိုနယ် ပြည်သူ့ဆေးရုံသို ပိုဆောင်ပေးခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မိုးကုတ်မြို့ #ကတုတ်ကွက်သစ် #ကျောက်တွင်း