မိုင် ၁၀၀ခန့် ခြေလျှင်စစ်ကြောင်းထွက်လာသည့် ကျားသစ်နက်တပ်မတော်အား လမ်းတလျှောက် ပြည်သူများက ကြိုဆိုခဲ့ပြီး ရိက္ခာများပါထောက်ပံ့ကျွေးမွေး

Author မွန်လေး
Categories
Published on Jan 06, 2023

 

မိုင် ၁၀၀ ခန့် ခြေလျှင်စစ်ကြောင်းထွက်လာသည့် ကျားသစ်နက်တပ်မတော်ကို လမ်းတလျှောက်ပြည်သူများက ကြိုဆိုခဲ့ပြီး ရိက္ခာများပါ ထောက်ပံ့ ကျွေးမွေးခဲ့ကြောင်း ယင်းစစ်ကြောင်းက ယနေ့တွင် ထုတ်ပြန်ထားသည်။

ကျားသစ်နက် တပ်မတော်(B.P.L.A) မှ ရဲဘော်များသည် ဇန်နဝါရီ ၁ရက်နေ့မှ စတင်ကာ မိုင် ၁၀၀ ခြေလျှင်စစ်ကြောင်း ထွက်ခဲ့ပြီး ဇန်နဝါရီ ၅ ရက်တွင် အထိုင်စခန်းသို့ ပြန်လည်ရောက်ရှိခဲ့သည်။

မိုင် ၁၀၀ စစ်ကြောင်းကို အင်အား ၃၅၀ ဖြင့် လက်နက်ခဲယမ်းများ သယ်ယူကာ ခရီးရှည်ထွက်ခဲ့ခြင်းဖြစ်ပြီး၊ ရဲဘော်များ သက်လုံကောင်းစေရန်၊ နယ်မြေအတွင်း တော်လှန်ရေးစိတ် ပိုမိုတက်ကြွစေရန် ရည်ရွယ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထိုခရီးစဉ်တွင် ပြည်သူများ သောင်းသောင်းဖျဖျကြိုဆိုခဲ့ပြီး၊ လမ်းတလျှောက် ရိက္ခာလုံလောက်စွာ ကျွေးမွေးသည့်အပြင် သပြေပန်းများဖြင့်ပါ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ခရီးစဉ်အတွင်းမှာ ပြည်သူများက ကြိုဆိုခဲ့တဲ့ မြင်ကွင်းဟာ စည်းလုံးညီညွတ်မှုကို ဘယ်လိုမှ သွေးခွဲလို့မရနိုင်ဘူးဆိုတာကို သက်သေထူလိုက်တာပါ၊ မငြီးမငြူ အကူအညီပေးခဲ့တဲ့ ပ.အ.ဖ၊ ပ က ဖ၊ နယ်ခြေတော်လှန်ရေးအဖွဲ့အစည်းတွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ကျားသစ်နက်တပ်မတော်မှ သတင်းပြန်ကြားရေးတာ၀န်ခံက ပြောကြားသည်။

မိုင် ၁၀၀ ခြေလျင် စစ်ကြောင်း ခရီးစဉ်တွင် ဇန်နဝါရီ ၄ ရက်နေ့၌ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းကို ကျားသစ်နက်တပ်မတော်နှင့် မဟာမိတ်ပ်ဖွဲ့ များပူးပေါင်းတိုက်ခိုက်နိုင်ခဲ့သည်။

ဓာတ်ပုံ-ကျားသစ်နက်တပ်မတော်
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ကျားသစ်နက်တပ်မတော် #ခြေလျှင်စစ်ကြောင်း