မိမိတို့အစိုးရအနေဖြင့် တော်လှန်ရေးအမြန်အဆုံးသတ်ရန် နည်းမှန်လမ်းမှန်ဦးဆောင်ရန်လိုအပ်ကြောင်း ယာယီသမ္မတပြောကြား

Author လင်းခိုင်
Categories
Published on Aug 30, 2022

မိမိတို့အစိုးရအနေဖြင့် တော်လှန်ရေးအမြန်အဆုံးသတ်ရန် နည်းမှန်လမ်းမှန် ဦးဆောင်ရန်လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလကပြောကြားသည်။

ယနေ့တွင်ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၆၅ကြိမ်မြောက်အစိုး ရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“လာမယ့် စက်တင်ဘာလ ၇ ရက်နေ့က ပြည်သူ့ခုခံစစ် တော်လှန်ရေး D-Day ကို ကြေညာခဲ့တဲ့ တစ်နှစ်ပြည့် သမိုင်းမှာ မှတ်ကျောက်တင်မယ့် နေ့ရက်လည်းဖြစ်ပါတယ်။ ခုခံတော် လှန်စစ်ကြေညာခဲ့တဲ့ တစ်နှစ်တာကာလအတွင်း မိမိတို့အစိုးရနဲ့ တော်လှန်ရေးအင်အားစုများ အတွက် အံ့မခန်းအောင်မြင်မှုများ ရရှိခဲ့သလို ဝမ်းနည်းဖွယ် နစ်နာဆုံးရှုံးမှုများစွာလည်း ကြုံတွေ့ခဲ့ရပါ တယ်။ ပြည်သူလူထုအနေဖြင့်လည်း အာဏာသိမ်းစစ်ကောင်စီရဲ့ ဆိုးယုတ် အကြမ်းဖက်မှုများကို နေ့စဥ်နှင့်အမျှ တွေ့ကြုံခံစားနေကြရတာ တွေ့မြင်နေရပါတယ်။ မိမိတို့အစိုးရအနေဖြင့်လည်း ယခုတော်လှန်ရေးအကို အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ အမြဲသတိရ အားစိုက်ကာ နည်းလမ်းမှန်မှန်ဖြင့် ဦးဆောင်နိုင်ဖို့ လိုပါတယ်”ဟု ယာယီသမ္မတကပြောကြားသည်။

တော်လှန်ရေးခရီးအမြန်အောင်မြင်ရန် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ၏ အခန်းကဏ္ဍသည်လည်း အထူး အရေးကြီးကြောင်း လက်ရှိချိန်ထိ မိမိတို့အစိုးရနှင့်ချိတ်ဆက်လာသည့် တိုင်းရင်း သားလက်နက်ကိုင်များရှိသလို ဆက်လက်ကြိုးစားရမည့်အဖွဲ့များလည်း ကျန်ရှိနေသေးကြောင်း ချိတ်ဆက်ဆောင်ရွက်မှုများပိုမိုတိုးတက်လာရန် အစွမ်းကုန်ကြိုးပမ်းဖို့လိုအပ်ကြောင်း ယာယီသမ္မတကဆိုသည်။

ထို့ပြင် ဆင်းရဲဒုက္ခနှင့် အသက်ဘေးအန္တ ရာယ်ကြုံတွေ့နေရသည့် CDMersများကို ပြည်သူလူထူအနေဖြင့် အချင်းချင်းကူညီဖေးမကြရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကူညီထောက်ပံ့မှုများ ပိုမိုပံ့ပိုးနိုင်ရန်လိုအပ်ကြောင်း ယာယီသမ္မတကပြောကြားသည်။