မန္တလေးတွင် အချုပ်ကားတစ်စီးအား PDFမှ ကြားဖြတ်တိုက်ခိုက် နိုင်ကျဉ်း အချို့လွတ်မြောက်ပြီး ရဲနှစ်ဦးသေဆုံး

Author လင်းခိုင်
Categories
Published on Sep 29, 2022

မန္တလေးတွင် အချုပ်ကားတစ်စီအား PDFမှ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နိုင်ကျဉ်းအချို့လွတ်မြောက်ခဲ့ကာ ရဲနှစ်ဦးသေဆုံးခဲ့ကြောင်း Truth Keeping Force-Amarapuraက ယနေ့ထုတ်ပြန်ထားသည်။

ဖြစ်စဥ်သည် မန္တလေးတိုင်းဒေသကြီး အမပူရမြို့နယ်အတွင်း နိုင်ငံရေးအကျည်းသားများအဖြစ် မတရားဖမ်းဆီးခံထားရသူများအား လွှဲပြောင်း ပို့ဆောင်ရာ အချုပ်ကားကို သတင်းရရှိမှုဖြင့် မဟာမိတ်မြို့ပြပျောက်ကြားအဖွဲ့များက မြစ်ငယ်တံတားအနီးတွင် ပူးပေါင်းကယ်တင် တိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီရဲနှစ်ဦးသေဆုံးပြီး အကျဥ်းသားတစ်စီးထိခိုက်ဒဏ်ရာရရှိခဲ့ကာ ရှစ်ဦးထွက်ပြေးသည့်အနက် ခြောက်ဦးပြန်လည်ဖမ်းဆီးခံခဲ့ရပြီး နှစ်ဦးသာလွတ်မြောက်ခဲ့သည်။

လွတ်မြောက်သူနှစ်ဦးကို လုံခြုံသည့်နေရာသို့ ပို့ဆောင်ထားပြီး အသေးစိတ်အချက်အလက်ကို ထပ်မံထုတ်ပြန်သွားမည်ဖြစ်ကြောင်း လက်ရှိတွင် စစ်ကောင်စီက လမ်းပိုင်းအချို့ကိုပိတ်ထား၍ စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။.