မန္တလေးတိုင်းအတွင်းရှိ အကျဉ်းထောင် ၅ ခုနှင့်အလုပ် စခန်း ၇ ခုမှ ၁၃၈၂ ဦးပြန်လွှတ်

Author ကိုပေါက်
Categories
Published on Jan 04, 2023

စစ်ကောင်စီက ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် အကျဥ်းသား၊ အကျဥ်းသူ ၇၀၁၂ ဦးကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာ မန္တလေးတိုင်းအတွင်းရှိ အကျဥ်းထောင် ၅ ခုနှင့် အလုပ်စခန်း ၇ ခုမှ အကျဥ်းသား၊ အကျဥ်းသူ ၁၃၈၅ ဦး ပြန်လည်လွတ်မြောက်ခဲ့သည်ဟု အိုးဘိုအကျဥ်းထောင်နှင့် နီးစပ်သူတွေဆီက သိရသည်။

မန္တလေးတိုင်းအတွင်းရှိ အကျဥ်းသား၊အကျဥ်းသူ ၁၃၈၅ ဦးအနက် မန္တလေးဗဟိုအကျဥ်းထောင်မှ အကျဥ်းသား၊ အကျဥ်းသူ ၆၇၆ ဦးလည်းပါဝင်သည်ဟု အကျဥ်းဦးစီးနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“အိုးဘိုထောင်ကတော့ ခြောက်ရာကျော်လွှတ်တယ် ကျင့်၄၀၁ လက်မှတ်ထိုးပြီး ပြန်လွှတ်တာပါ ကျန်တဲ့ထောင်နဲ့ရဲဘက်စခန်းတွေက စာရင်းတွေမရသေးဘူး”ဟု ပြောသည်။

အိုးဘိုအကျဥ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် နိူင်ငံရေးအကျဥ်းသား အချို့သာ ပြန်လည် လွတ်မြောက်ခဲ့သည်ဟု အကျဥ်းသားတစ်ဦး၏ မိသားစုဝင်တစ်ဦးက CJ Platform ကိုပြောသည်။

“အန်တီသားဆိုလည်း ပုဒ်မ ၅၂ (က)နဲ့ အမိန့်ချထားတာ တစ်နှစ်ကျော်လောက်ရှိပြီ လွတ်ငြိမ်းပေးတိုင်းပါမလာဘူး”ဟု ပြောသည်။

အာဏာသိမ်းစစ်ကောင်စီက ၂၀၂၁ ဖေဖော်ဝါရီ ၁၂ ပြည်ထောင်စုနေ့မှ စတင်ကာ ယနေ့အချိန်ထိ လွတ်ငြိမ်းချမ်းသာခွင့် ၈ ကြိမ်ပေးခဲ့ပြီး ၆၆၄၀၂ ဦးရှိပြီဖြစ်ပြီး ပြန်လည်လွတ်မြောက်သူများတွင် နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ ပါရှိခဲ့ကြောင်း သိရသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မန္တလေးတိုင်း #အိုးဘိုထောင် #နိုင်ငံရေးအကျဉ်းသား #လွတ်လပ်ရေနေ့