မတ္တရာမြို့နယ် သုံးဆယ်ပေရွာကို စစ်ကောင်စီတပ်က မွှေနှောက် ဖျက်ဆီးသွား

Author ခေတ်နီ
Categories
Published on Nov 22, 2022

မန္တလေးတိုင်း မတ္တရာမြို့နယ် သုံးဆယ်ပေရွာကို စစ်ကောင်စီတပ်မှ ၃ ရက်တာတပ်စွဲကာ ကျေးရွာအတွင်း မွှေနှောက် ဖျက်ဆီးမှုများပြုလုပ်ပြီး ယနေ့မှာ ပြန်လည် ထွက်ခွာသွားကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

သုံးဆယ်​ပေကျေးရွာကို စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့မှ စတင်ကာ အင်အား၅၀ကျော်ဖြင့် စတင်ဝင်ရောက်ကာ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲနေခဲ့တာဖြစ်ပြီး နေအိမ်များကို မွှေနှောက်ရှာဖွေမှုများ ပြုလုပ်နေခဲ့တာပဲ ဖြစ်သည်။

” သူတို့ကဘုန်းကြီးကျောင်းမှာ တပ်စွဲပြီး အိမ်တွေထဲကိုမွှေနှောက်နေတာ အိမ်တစ်လုံးလဲ မီးရှို့ခံရတယ် ဖမ်းခံရတဲ့သူတော့မရှိဘူး”ဟု ဒေသခံတစ်ဦးက CJ Platform ကိုပြောသည်။

စစ်ကောင်စီတပ်မှ ထိုကဲ့သို့ ဝင်ရောက်လာမှုကြောင့် ကျေးရွာဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ အဆိုပါ ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။