မတူပီမှာ တိုက်ပွဲထပ်ဖြစ်ပြီး စစ်ကောင်စီတပ် ၄ဦးသေ
ချင်းပြည်နယ် မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် CDFမတူပီတို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့ကြောင်း မတူပီ CDF က ထုတ်ပြန်ထားသည်။
မတူပီ ဟားခါးလမ်းတွင် နယ်မြေရှင်းလင်းရေး လာလုပ်သည့် စစ်ကောင်စီတပ်ကို မတူပီခရိုင်ရုံး နှင့် ငလိုင်ရွာကြားမှာ စက်တင်ဘာ ၂၅ရက် နံနက် ၈နာရီခွဲခန့်မှ ၁၁နာရီထိ CDFမတူပီက တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ခဲ့တာပဲ ဖြစ်သည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လေးဦးသေဆုံးကာ ရှစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး CDF မတူပီဘက်က ရဲဘော် တစ်ဦးဒဏ်ရာပြင်းထန်ခဲ့ကြောင်း သိရသည်။
ထို့အပြင့် စက်တင်ဘာ ၂၄ရက်နေ့ကလဲ အဆိုပါ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရဖူးပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၃ဦးသေဆုံးခဲ့သည်။