မည်သူ တရားပျက်ပျက် ကိုယ်မပျက်စေနှင့် ဟူသည့် မူဝါဒဖြင့် ရပ်တည်နေသည်ဟု မင်းအောင်လှိုင် ပြော

Author လင်းခိုင်
Categories
Published on Jan 22, 2023

 

မည်သူ တရားပျက်ပျက် ကိုယ်မပျက်စေနှင့် ဟူသည့် မူဝါဒဖြင့် ရပ်တည်နေသည်ဟု အကြမ်းဖက် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ဇန်နဝါရီ ၂၁ ရက်က၊ ရန်ကုန်မြို့၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၊ သု၀ဏ္ဏတွင် ကျင်းပပြုလုပ်သည့် တရုတ်နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် အခမ်းအနားတွင် မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံသည် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးဖြစ်ပြီး၊ အိမ်နီးချင်း တရုတ်နိုင်ငံနှင့် နယ်နိမိတ်ထိစပ်မှု ကြည့်မည်ဆိုပါက ကီလိုမီတာ နှစ်ထောင်ကျော်ခန့် ထိစပ်နေသည့် အပြင် သံလွင်မြစ်သည် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအထိ ဖြတ်သန်းစီးဆင်းနေပြီး၊ တရုတ်နိုင်ငံ၌ မြန်မာတိုင်းရင်းသား လူမျိုးစုများ နေထိုင်သကဲ့သို့ တရုတ်နွယ်ဖွား မြန်မာများသည်လည်း မိမိတို့နိုင်ငံတွင် အခြေချပြီး အေးချမ်းစွာ နေထိုင်လျက်ရှိသည်ဟု မင်းအောင်လှိုင်က ပြောကြာသည်။

တရုတ်နိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၀ ရက်တွင် တရုတ်(တိုင်ပေ) နှင့် ပတ်သက်ပြီး တတိယအကြိမ် စက္ကူဖြူစာတမ်း ထုတ်ပြန်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မည်သူ တရားပျက်ပျက် ကိုယ်မပျက်စေနှင့် ဟူသည့် အတိုင်း အိမ်နီးချင်းကောင်း ပီသစွာ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အစဉ်ထောက်ခံ ရပ်တည်လျက်ရှိသည်ဟု မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နွယ်ဖွား မြန်မာနိုင်ငံသားများအတွက် မျက်နှာနှစ်ဖက် ဆက်ဆံရေးမျိုး မရှိသည့် ယုံကြည် စိတ်ချရသည့် အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည်လည်း မြန်မာနိုင်ငံအတွက် အရေးကြီးသည့် အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သည်ဟု မင်းအောင်လှိုင်က ထပ်မံပြောကြားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #မင်းအောင်လှိုင် #တရုတ်နှစ်ကူး