မင်္ဂလာဒုံမြို့မရဲစခန်း ဗုံးခွဲတိုက်ခိုက်ခံရ ရဲတပ်သားတစ်ဦး ဒဏ်ရာရရှိ
မဂ်လာဒုံမြိုနယ် မြို့မရဲစခန်းတွင် ယမန်နေ့ည ရှစ်နာရီကျော်က ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ရဲတပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။
ရန်ကုန်-ပဲခူးကားလမ်းမကြီးပေါ်ရှိ မဂ်လာဒုံမြို့မရဲစခန်းတွင် ယမန်နေ့ည ရှစ်နာရီကျော်က လက်လုပ်ဗုံးပေါက်ကွဲခဲ့ပြီး ရဲစခန်းအဝင်တွင် စောင့်နေသည့် ရဲတပ်သားတစ်ဦး
ဒဏ်ရာရရှိခဲ့တာဖြစ်သည်ဟု မြို့ခံတစ်ဦးက CJ Platform ကို ပြောသည်။
“ဗုံးပေါက်တာက ရဲစခန်းဝင်းထဲက လက်လုပ်ဗုံးကို အပြင်ကနေ ရီမုနဲ့ဖောက်တယ်လို့ ပြောတယ် စခန်းဝမှာ စောင့်နေတဲ့ ရဲတပ်သားတစ်ဦး ဒဏ်ရာရတယ်”ဟု ပြောသည်။
ဗုံးပေါက်ကွဲပြီးနောက် ရဲများနှင့် ရဲစခန်းဝင်းအတွင်း လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်များပါ ထောက်ကြန့်လမ်းဆုံတွင် လမ်းသွားလမ်းလာတွေကို စစ်ဆေးခဲ့သည်ဟု
ထောက်ကြန့်စျေးတွင် နေသူထိုင်တစ်ဦး က CJ Platform ကိုပြောသည်။
“လမ်းသွားလမ်းလာတွေကို ဖုန်းတွေရော အိတ်တွေပါစစ်တာ အော်ဟစ်ဆဲဆိုတာတွေလည်း ကြားရတယ် ဒဏ်ရာရတဲ့ရဲကို ဆေးရုံပို့လိုက်တယ်”ဟု ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို UMCD အင်အားစုမှ တပ်ဖွဲ့တစ်ခု နှင့် မဟာမိတ်တပ်ဖွဲ့ KMD 18 တို့ပူးပေါင်း၍ အဝေး
ထိန်း လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်သည်ဟု ထုတ်ပြန်ကြေညာထားသည်။
ကိုပေါက်
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #မင်္ဂလာဒုံ #မြို့မစခန်း #ပေါက်ကွဲမှု