မင်္ဂလာဒုံစစ်သင်္ချိုင်းရှေ့တွင် လာဘ်ခေါ်ကြောင်ရုပ်လေးဖြင့် လာဘ်ခေါ်

Author မွန်လေး
Categories
Published on Dec 04, 2022

စစ်ကောင်စီ ခေါင်းဆောင်များ စစ်သင်္ချိုင်း မြန်မြန်ရောက်ရှိရန်ဟုဆိုကာ Yangon Revolution Force ၏ Soft Strike Community က ယနေ့ (ဒီဇင်ဘာ ၄ရက်)တွင် မင်္ဂလာဒုံစစ်သင်္ချိုင်း အရှေ့တွင် လာဘ်ခေါ်ကြောင်ရုပ်တစ်ခုကို ချထားခဲ့သည်။

ခေတ်အဆက်ဆက် ပြည်သူလူထု တစ်ရပ်လုံး အပေါ် ယုတ်မာရိုင်းစိုင်းသည့် နည်းလမ်းမျိုးစုံဖြင့် ဂုတ်သွေးဆုတ်ချယ်လှယ်အုပ်ချုပ်ရန် ကြိုးပမ်းလေ့ရှိသည့် မြန်မာစစ်တပ်၏ ရာထူးအကြီးပိုင်း ခေါင်းဆောင်များ မြုပ်နှံလေ့ရှိသည့် မင်္ဂလာဒုံမြို့နယ်ရှိ စစ်သင်္ချိုင်း အရှေ့တွင် လာဘ်ခေါ်ကြောင်ရုပ်ကို ထားရှိခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ချထားခဲ့ခြင်း၏ ရည်ရွယ်ချက်သည် စစ်သင်္ချိုင်းထဲသို့ ရောက်ရှိရန် ကျန်ရှိနေသေးသည့် စစ်တပ်၏ ခေါင်းဆောင်များ၊ ပြည်သူလူထုအပေါ်ဖိနှိပ်ချုပ်ချယ်မှုများ ရပ်တန့်ကာ သင်္ချိုင်းထဲသို့ မြန်မြန်ရောက်ရှိပြီး ဘ၀နီဂုံးချုပ်စေရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု Yangon Revolution Force ကဆိုသည်။

အဆိုပါ စစ်သင်္ချိုင်းတွင် လပိုင်းအတွင်းက မြို့ပြပြောက်ကျားရဲဘော်များ ရှင်းလင်းခြင်းခံရသည့် အငြိမ်းစားဗိုလ်မှူးကြီး အုန်းသွင် ရုပ်အလောင်းကို မြှုပ်နှံခဲ့သည့် သင်္ချိုင်းလည်းဖြစ်သည်။