မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဇနီးဖြစ်သူနှင့် စကားများပြီး အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

Author ကိုပေါက်
Categories
Published on Dec 13, 2022

မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်တွင် ယနေ့ နံနက်ပိုင်းက ဇနီးဖြစ်သူနှင့် စကားများပြီး အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

“ညက သူမိန်းမနဲ့ရန်ဖြစ်ပြီး မိန်းမက ကလေးတွေခေါပြီး အိမ်ပေါ်ကနေ ဆင်းသွားတာ ဒီနေ့မနက်ကျတော့ ကြိုးဆွဲချသေနေတာ တွေ့ရတယ် “ဟု ရပ်ကွက်နေသူ တစ်ဦးက ပြောသည်။

သေဆုံးသူမှာ အသက် ၄၀ ကျော်အရွယ်ရှိ ကိုဝင်းနိူင်ဦးဖြစ်ပြီး ရုပ်အလောင်းကို မင်္ဂလာတောင်ညွန့်လူငယ် လူမှုကူညီကယ်ဆယ်ရေးအသင်းမှ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်ဟု ရပ်မိရပ်ဖတစ်ဦးက CJ Platform ကိုပြောသည်။

“ရဲစခန်းကနေပြီး ပရဟိတအဖွဲ့ကို အကူအညီတောင်းပြီးလာသယ်ခိုင်းတာ သေမှုသေခင်းဖွင့်ပြီး ရန်ကုန် ဆေးရုံကြီးကို ပို့လိုက်တယ်”ဟု ရှင်းပြသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် အနာဂတ်ပျောက်ဆုံးမှု၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုနှင့် ကုန်စျေးနှုန်း အဆမတန်မြင့်တက်မှုများကြောင့် ပြည်သူအချို့ မိမိကိုယ်ကိုအဆုံးစီရင်ခဲ့ရာ သေဆုံးသူ ၆၀ နီးပါးရှိပြီဖြစ်သည်။

ဓာတ်ပုံ- မင်္ဂလာတောင်ညွန့်လူငယ်လူမှုကူညီကယ်ဆယ်ရေးအသင်း
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မင်္ဂလာတောင်ညွန့် #ကြိုးဆွဲချ