မင်းလှမြို့နယ် စမ်းဘုတ်ရွာရှိ စစ်ကောင်စီစခန်း အတိုက်ခံရ သုံးဦးသေ

Author မင်းထက်
Categories
Published on Dec 09, 2023

ပဲခူးတိုင်း ၊ မင်းလှမြို့နယ်တွင် အခိုင်အမာတပ်ဆွဲထားသည့် စစ်ကောင်စီဂိတ်စခန်းအား ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံတပ်သား သုံးဦး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅) တပ်ဖွဲ့ ပြန်ကြားရေးတာ၀န်ခံ က CJ Platform သို့ပြောသည်။

ဒီဇင်ဘာ ၈ ရက်နေ့ ည ၈ နာရီ၀န်းကျင်ခန့်က သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအစပ်ရှိ စမ်းဘုတ်ကျေးရွာထိပ်တွင် စစ်ကောင်စီ အင်အား (၁၅)ဦးဖြင့် အခိုင်အမာ တပ်ဆွဲထားသည့် စစ်ဆေးရေးဂိတ်အား  သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅) မှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ ​ရဲသားတစ်ဦး နှင့် စစ်သား နှစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

 

“သူတို့က ရိုးမပေါ်တက်တဲ့ ပြည်သူတွေကို ငွေတောင်းတယ် ။ အဲ့ဒါကြောင့် မနေ့ည ၈နာရီလောက်မှာ စခန်းဝင်စီးတာပါ ။ စခန်းထဲက စခ တစ်‌ေ-ာင်နဲ့ ရခ တစ်‌ေ-ာင်ကို အရင်းရှင်းတယ်။ ကတုတ်ကျင်းထဲ ဆင်းပြေးတဲ့ စခတစ်‌ေ-ာင်လည်း ကျွန်တော်တို့ပစ်တဲ့ ကျည်ထိသေတယ် ။ ကျန်တဲ့စခတွေ သေနတ်နဲ့ အလောင်းယူ ဆွဲယူသွားတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅) တပ်ဖွဲ့ပြန်ကြားရေးတာ၀န်ခံ က ဆိုသည်။

 

တိုက်ပွဲဖြစ်ပွားချိန် နာရီဝက်ခန့်အတွင်း ရဲတပ်သား ကောင်းမိုးထက်နှင့် စစ်ကောင်စီတပ်သား နှစ်ဦး စုစုပေါင်း သုံးဦး နေရာတွင် ပွဲချင်းပြီး သေဆုံးကာ အများအပြား ဒဏ်ရာရရှိကြောင်း သိရသည်။

 

တိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီဂိတ်မှ မိုလ်ဘိုင်းဖုန်း နှစ်လုံး ၊ ဓာတ်မီး နှစ်လက်၊ ငွေသား ၂၀၀၀၀ကျပ်၊ သက်သေခံကတ်ပြား ခုနစ်ခု နှင့် ကျည် ၁၇တောင့်ကို သိမ်းဆည်း ရရှိခဲ့ကြောင်း၊ ၄င်းနောက် မင်းလှမြို့ဘက်မှ  စစ်ကူ ၁၀၀ ခန့်  ရောက်ရှိလာသောကြောင့် လုံခြုံရေးအခြေအနေအရ  ဆုတ်ခွာခဲ့ကြရကြောင်း သိရသည်။

 

ဓာတ်ပုံ – သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅)