မင်းလှမြို့နယ်တွင် စစ်ကောင်စီတပ်သားစုဆောင်းရေး ဗိုလ်ကြီး ရှင်းလင်းခံရ

Author မင်းထက်
Categories
Published on Oct 30, 2023

ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ မင်းလှမြို့နယ်တွင် စစ်ကောင်စီ၏ တပ်သားစုဆောင်းရေး တာ၀န်ခံ ဗိုလ်ကြီး မျိုးဆန်း၀င်းအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့ မြို့ပြစစ်ရေးတာ၀န်ခံ မှ CJ Platform သို့ပြောသည်။

 

မင်းလှမြို့နယ် အမှတ်(၇)ရပ်ကွက် ပြည်တော်သာ ၂လမ်းတွင် နေထိုင်သည့် စစ်ကောင်စီ၏ စစ်သားစုဆောင်းရေးရုံး တာဝန်ခံ ဗိုလ်ကြီး မျိုးဆန်းဝင်းအား အောက်တိုဘာလ ၂၉ ရက်နေ့ ၊ နံနက် ၈ ရီ ၄၅ မိနစ်အချိန်တွင် ဇရစ်ချောင်းကျေးရွာနှင့် ချောင်းနားကျေးရွာကြား၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ နှင့် သာယာဝတီဂဠုန်တပ်ဖွဲ့ တို့ ပူးပေါင်းတပ်ဖွဲ့မှ “ပဲခူးတိုင်းနန်းထိုက်အောင်စစ်ဆင်ရေး” အဖြစ် ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

 

“သေနတ်ကျည် ငါးချက်  နဖူးတစ်ချက်၊ ရင်ဘတ်ရှေ့နောက် လေးချက် ပစ်လိုက်တာပါ။ ပြည်သူတွေကို အရမ်းဒုက္ခပေးတဲ့ကောင် သူကဖမ်းဆီးငွေတောင်းတယ် ၊ ပြည်သူကို ပါးတွေ နားတွေရိုက်ပါတယ်။ ပျူအဖွဲ့တွေ ဖွဲ့ဖို့ စည်းရုံးတယ် ဒါ့ကြောင့်ရှင်းလိုက်တာ ” ဟု သာယာဝတီဂဠုန်တပ်ဖွဲ့ မြို့ပြစစ်ရေးတာ၀န်ခံ မှပြောသည်။

 

ဗိုလ်ကြီး မျိုးဆန်းဝင်းသည်  ပြည်သူများကို အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးခြိမ်းခြောက်ခြင်းများ ၊ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့သူဖြစ်ကြောင်း သိရသည်။