မကွေး လေတပ် စခန်းတိုက်ခိုက်ခံရမှု လေယာဉ် ၅ စီး ပျက်စီးပြီး စစ်ကောင်စီတပ်သား ၈ ဦးေ-သ

Author လင်းခိုင်
Categories
Published on Nov 16, 2022

မကွေး လေတပ် စခန်းတိုက်ခိုက်ခံရမှု လေယာဉ် ၅ စီးပျက်စီးပြီး စစ်ကောင်စီတပ်သား ၈ ဦးေ-သဆုံးခဲ့ကြောင်း Golden Eagle Myaylatt က ယနေ့တွင် ထုတ်ပြန်ထားသည်။

နို၀င်ဘာ ၁၅ ရက် နံနက် ၆ နာရီ ၁၀ မိနစ်တွင် မကွေး လေတပ်စခန်းကို KNU ဦးစီးမှုဖြင့် ဒေသခံ PDF များ ပူးပေါင်းပြီး ၁၀၇ ဒုံးကျည် သုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

လေတပ်စခန်းတိုက်ခိုက်ခဲ့ပြီးနောက် ထိခိုက်သေဆုံးမှု အတိအကျမသိရှိခဲ့သော်လည်း၊ ယနေ့တွင် ဖရဲသီး သတင်းပေးပို့ချက်အရ ဂျက်ဖိုက်တာ ၃ စီးနှင့် တိုက်လေယာဉ် ၂ စီးပျက်စီးခဲ့ကြောင်း၊ စစ်ကောင်စီတပ်သား ၅ ဦးသည် တိုက်ခိုက်ခံရမှုတွင် သေဆုံးခဲ့ပြီး၊ သုံး ဦးသည် ဆေးရုံရောက်ရှိပြီးနောက်သေဆုံးခဲ့သဖြင့် စုစုပေါင်း ရှစ်ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယခုတိုက်ခိုက်မှုကို KNU က ဦးစီးကာ လက်နက်ပစ္စည်းထောက်ပံ့ပြီး Golden Eagle Myaylatt အဖွဲ့၊ Eagel pdf Magway ၊ ရေနံချောင်း pdf နှင့် ဘီလူးစစ်ဆင်ရေးတပ်ဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ- Golden Eagle Myaylatt
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မကွေး #လေတပ်စခန်း #KNU