မက်ဆီကို တောင်ပိုင်းတွင် ရဲအရာရှိ ၁၃ ဦး ခြုံခို ပစ်သတ်ခံရသောကြောင့် စစ်သား ၃၀၀ ကျော် စေလွှတ်ကာ လုံခြုံရေးယူထားရ

Author လင်းနွေဦး
Categories
Published on Oct 26, 2023

မက်ဆီကို နိုင်ငံ Guerrero (ဂျီအာရီယို)ပြည်နယ် တောင်ပိုင်းတွင် အောက်တိုဘာ ၂၃ ရက်နေ့ ၌ ဒေသခံရဲ အရာရှိ တစ်ဦးအပါအဝင် စုစုပေါင်း ရဲအရာရှိ ၁၃ ဦး ခြုံခို ပစ်ခတ်ခံရသေကြောင့် နယ်မြေလုံခြုံရေး အဖြစ် စစ်သည်အင်အား ၃၀၀ ကျော်စေလွှတ်ကာ လုံခြုံရေးယူထားရကြောင်း The Associated Press Media မှ ဖော်ပြသည်။

 

ယခု တိုက်ခိုက်မှုမှာ အောက်တိုဘာ ၂၂ရက် တနင်္လာနေ့၌ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှု (၃) ခု အနက်မှ တစ်ခု ဖြစ်ကြောင်း မက်ဆီကို အာဏာပိုင်များမှ ဆိုသည်။

 

“ပစိဖိတ်ကမ်းရိုးတန်း ရှိ ကိုယူကာဒီ ဘင်နီဇက် ပြည်နယ်၏ ဂွာရီရို မြို့တွင်ရှိသော အယ်ပါပါယို ဘေး အဝေးပြေးလမ်းမ နားတွင် အလောင်း ၁၃ လောင်းအား တွေ့ရှိခဲ့ပြီး နောက် စုံစမ်းမှုများ ပြုလုပ်နေဆဲ ဖြစ်သည် ” ဟု ဂွာရီရို ရှေ့နေချုပ် မှ ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်ခံရမှုတွင် နောက်ထပ် ပြည်သူ (၂) ဦး လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မည်သည် (ဝါ) မည်သည့်အဖွဲ့အစည်း မှ ပြုလုပ်ခဲ့ကြောင်း မသိရှိရသေးချေ။

 

မက်ဆီကို သမ္မတ Andres Manuel Lopez (အန်းဒရက်စ် မန်နျူရယ် လိုပဇ်) ၏ သတင်းထုတ်ပြန် ကြေညာမှုအတွင်း တွင်လည်း “သတ်ဖြတ်ခံရသော ရဲအရာရှိများအတွက် ပူဆွေးသောက ရောက်ရှိ ရပြီး ခြုံခိုတိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

 

အာဏာပိုင်များနှင့် ဒေသမီဒီယာများ၏ ပြောကြားချက်အရ တချို့သော အလောင်းများတွင် လက်ထိပ်ခတ်ခံထားရပြီး မျက်နှာများမှာ မြေပြင်သို့ အပ်ထားကြောင်း၊ တိုက်ခိုက်သူများဘက်မှ ခြုံခို တိုက်ခိုက်ခဲ့ပြီး ရဲအရာရှိများမှာ အသတ်မခံရမှီက တိုက်ခိုက်သူများ၏ ဖမ်းဆီးခြင်း ခံခဲ့ရခြင်း ဖြစ်နိုင်ကြောင်း သိရသည်။

 

ထိုနေ့တွင်ပင် မက်ဆီကို အနောက် တောင်ပိုင်း၌ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှု (၂) ခု အတွင်းတွင်လည်း လူ (၆) ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း နှင့် မည်သူများမှ ကျူးလွန် ခဲ့သည်ကိ မသိရှိရကြောင်း အာဏာပိုင် များမှ ဆိုသည်။

 

သို့ရာတွင် မက်ဆီကို နိုင်ငံအတွင်း၌ ဂိုဏ်းများ အချင်းချင်း နယ်မြေလုသော ပြဿနာများ ရှိနေပြီး ရဲများ နှင့် ဂိုဏ်းများကြား မကြာခဏ ပြဿနာ ဖြေရှင်းရကြောင်း အချက် အလက်များအရ သိရသည်။

 

ယခုနှစ် အစောပိုင်းတွင် Familia Michoacana အဖွဲ့ ပြုလုပ်သည်ဟု မှတ်ယူနိုင်သော တိုက်ခိုက်မှု အတွင်း ရဲအရာရှိ (၂) ဦးနှင့် ပြည်သူ (၃) ဦး သေဆုံးခဲ့ရသည်။

 

ဩဂုတ်လ အတွင်းတွင်လည်း Arreola ဂိုဏ်း ၏ ခေါင်းဆောင်တစ်ဦး ပြိုင်ဆိုင်မှုများအကြား လုပ်ကြံခံခဲ့ရပြီးနောက် ဒေသခံ ပြည်သူများ ၏ နိုင်ငံအတွင်း ဂိုဏ်းများနှင့် ပတ်သတ်သော လုံခြုံရေး အားနည်းမှု များအား ဝေဖန် မှု မြင့် တက်ခဲ့သေးသည်။

 

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အတွင်း မက်ဆီကို နိုင်ငံအတွင်း ရဲ အရာရှိ ၄၀၃ ယောက် အသတ်ခံခဲ့ရပြီး ယခုနှစ် ကာလအတွင်း သတ်ခံရသူ ရဲအရာရှိ အရေအတွက်မှာ ၃၄၁ ယောက် ရှိပြီး ဖြစ်ကြောင်း AP media မှ ဖော်ပြသည်။