ဘုရားပိုင် တည်းခိုခန်းနှင့် ဟိုတယ်များ ငှားရမ်းရန် ရွှေစည်းခုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ ကြေညာ

Author မွန်လေး
Categories
Published on Dec 15, 2022

 

ဘုရားပိုင် တည်းခိုခန်းနှင့် ဟိုတယ်များ ငှားရမ်းရန် ရွှေစည်းခုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က စစ်ကောင်စီလက်အောက်ခံ သတင်းစာများမှ တဆင့် ကြေညာထားသည်။

ညောင်ဦးမြို့၊ ရွှေစည်းခုံစေတီတော်အနီးတွင်ရှိသည့် ရွှေစည်းခုံစေတီတော်ပိုင် ခရေတည်းခိုခန်းကို ပြည်တွင်းဧည့်သည်များ တည်းခိုရန်နှင့် အမှတ်တရပစ္စည်းများရောင်းချခြင်း၊ အဆာပြေအစားအစာ ရောင်းချခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်နိုင်သည်ဟု ကြေညာချက်တွင်ဖော်ပြထားသည်။

ယင်းတည်းခိုခန်းကိုငှားရမ်းပြီး လုပ်ငန်းလုပ်ကိုင်လိုသူများ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထားပြီး ရွှေစည်းခုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ထံ လျှောက်ထားကာ စျေးပြိုင်တင်ဒါစနစ်ဖြင့် လေလံပွဲပြုလုပ်သွားမည်ဖြစ်သည်။

ထို့ပြင် ညောင်ဦးမြို့၊ ရွှေစည်းခုံစေတီတော်ပိုင်(စေတီတော် တောင်ဘက်) ရှိ အောင်မင်္ဂလာဟိုတယ်ကိုလည်း ၂၀၂၃ ခုနှစ် ဇန်နဝါရီ တစ်ရက်မှ စတင်ကာ ၁၀ နှစ်စာချုပ်ဖြင့် ငှားရမ်းမည်ဟု ဂေါပကအဖွဲ့က ကြေညာထားသည်။

အောင်မင်္ဂလာဟိုတယ်ကို ငှားရမ်းခွင့် လျှောက်ထားသူများသည် ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထားပြီး လျှောက်ထားကာ၊ လေလံယှဉ်ပြိုင်ဆွဲ၀ယ်သည့်အချိန်တွင် စားပွဲတင်စပေါ်ငွေ ကျပ် သိန်း၂၀၀ တင်သွင်းရမည်ဟု ဂေါပကအဖွဲ့ကဆိုထားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ရွှေစည်းခုံစေတီ #ဟိုတယ် #တည်းခိုခန်း #ဂေါပကအဖွဲ့