ဘုန်းကြီးကားဖြင့် PDF သတင်းများ လိုက်လံစုံစမ်းနေသည့် ပျူစောထီးနှစ်ဦးအား ရေးဘီလူးအဖွဲ့ရှင်းလင်း သေနတ် နှစ်လက်သိမ်းဆည်းရမိ

Author လင်းခိုင်
Categories
Published on Jan 27, 2023

 

ဘုန်းကြီးကားဖြင့် PDF သတင်းများ လိုက်လံစုံစမ်းနေသည့် ပျူစောထီးနှစ်ဦးကို ရေးဘီလူးအဖွဲ့မှ ရှင်းလင်းခဲ့ပြီး သေနတ် နှစ်လက်သိမ်းဆည်းရမိခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က CJ Platform သို့ပြောကြားသည်။

ယနေ့ (ဇန်နဝါရီ ၂၇ ရက်) ညနေ ၃ နာရီ မိနစ် ၃၀ ခန့် တွင် မွန်ပြည်နယ်၊ ရေးမြို့၊ ၀ယ်ဇင် ၀ယ်ပေါင် ရွာဟောင်း၌ ရေးဘီလူးသတင်းလိုက်ယူနေသည့် ပျူစောထီးနှစ်ဦးကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

“ဒီကောင်တွေက ဒီနယ်မှာ လှုပ်ရှားနေတာကြာပြီ၊ ဒီကောင်တွေနဲ့ ထိပ်တိုက်မတိုးတော့ လုပ်ရကိုင်ရ အဆင်မပြေဘူး။ ဒီတစ်ခေါက်မှာ သတင်းပေးက အတိအကျ သတင်းပေးတယ်။ နောက်တစ်ခုက ဒီကောင်တွေအင်အား ကျုံးလောင်းရွာဟောင်းဘေးမှာ အင်အား ၅၀ လောက်နဲ့ PDF တွေလမ်းကြောင်းရှင်းလား မရှင်းလားပုံစံမျိုးနဲ့ လာတဲ့နှစ်ကောင်ကို စောင့်ပစ်တာ” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောကြားသည်။

အဆိုပါ ပျူစောထီးနှစ်ဦးသည် ဘုန်းကြီးကားဖြင့် ရေးဘီလူးအဖွဲ့သတင်းများ လိုက်လံ ယူဆောင်နေချိန် ၀ယ်ဇင် ၀ယ်ပေါင် ရွာဟောင်းလမ်းပိုင်း၌ အနီးကပ် ပစ်ခတ်ရှင်းလင်းခံခဲ့ရခြင်းလည်းဖြစ်သည်။

“သူတို့စီကနေ မြင်းဆေးငါးလုံးလဲ သိမ်းဆည်းရမိတယ်။ သေနတ်အတိုက နှစ်လက်ရတယ်။ ကျည်ဆံတွေသိမ်းဆည်းရမိတယ်။ ဖုန်းနှစ်လုံး သက်သေခံပစ္စည်းတွေနဲ့ သိမ်းဆည်းရမိတယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောကြားသည်။

ရေးဘီလူးအဖွဲ့သည် ရေးမြိုကနယ်နှင့် အနီးတစ်ဝိုက်တွင် အခြေပြုထားကာ ရေးမြို့ပေါ်ထိ စစ်ဆင်ရေးများ၊ စစ်ကောင်စီတပ်စခန်းများ၊ ရဲစခန်းများနှင့် စစ်ကောင်စီ ထောက်တိုင်များကို အဓိကပစ်မှတ်ထား တိုက်ခိုက်နေသည့် တော်လှန်ရေးအဖွဲ့တစ်ခုလည်းဖြစ်သည်။

ဓာတ်ပုံ-ရေးဘီလူး
(တိုက်ပွဲဖြစ်ပွားမှု မှတ်တမ်းရုပ်သံအား CJ Platform၏ Telegram Channel တွင် ဝင်ရောက်ကြည့်ရှု့နိုင်ပါသည်)
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #မွန်ပြည်နယ် #ရေးမြို့ #ရေးဘီလူး