ဘုတလင်မြို့နယ်မှာ စစ်ကောင်စီတပ်၏ လက်နက် ကြီးထိမှန်၍ နှစ်ဦးသေဆုံး

Author ခေတ်နီ
Categories
Published on Oct 25, 2022

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး နှစ်ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဘုတလင်မြို့နယ် သတင်းမှန်ပြန်ကြားရေးမှ ထုတ်ပြန်ထားသည်။

ဘုတလင်မြို့နယ်အတွင်းရှိ မကျီးအုပ်ကျေးရွာကို ယနေ့မနက်ပိုင်းမှ စတင်ပြီးစစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက် လာခဲ့တာပဲ ဖြစ်သည်။

ထိုသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်ပြီး စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် မကျီးအုပ်ကျေးရွာမှ အမျိုးသမီးတစ်ဦးသေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ထို့အပြင် အဆိုပါစစ်ကောင်စီစစ်ကြောင်း၏ လက်နက်ကြီးထိမှန်မှုကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်မှာပါရှိသည်။

ထို စစ်ကောင်စီစစ်ကြောင်းဟုယနေ့ နံနက် ၁၀ နာရီအချိန်တွင် မကျီးအုပ်ကျေးရွာအတွင်းမှ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။