ဘီယာအမူးလွန်၍ MPT တာဝါတိုင်ပေါ် တက်သွားသူအား ပရဟိတအဖွဲ့များ ကယ်ဆယ်ပေးခဲ့ရ

Author မေ
Categories
Published on Nov 24, 2022

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၌ ဘီယာအမူးလွန်၍ MPT တာဝါတိုင်ပေါ် ရောက်ရှိသွားသူအား မြေပြင်သို့ ပြန်ရောက်ရန် ဝိုင်းဝန်း ကူညီပေးခဲ့ရကြောင်း ဒေသခံ ပရဟိတအဖွဲ့တစ်ခုဧ၊် ပြောကြားချက်အရ သိရသည်။

နိုဝင်ဘာလ ၂၃ရက် ည ၈ နာရီကျော်အချိန်က သံဖြူဇရပ်မြို့နယ်၊ ဖောင်စိန်ရပ်ကွက်၌ တစ်ဦးတည်းဘီယာသောက်နေသော အမျိုးသားတစ်ဦးမှာ ဘီယာအမူးလွန်သွားကာ အနီးရှိ MPT တာဝါတိုင်ပေါ်သို့ တက်ရောက်သွားခဲ့ကြောင်း သိရသည်။ ထို့နောက် တာဝါတိုင် အလည်လောက်သို့ ရောက်ရှိသွားစဉ် မြေပြင်သို့ ပြန်မဆင်းနိုင်ဘဲ ညှပ်မိနေရာ ထိုနေရာအနီး တွေ့ရှိသူများက ကယ်ဆယ်ရေး အဖွဲ့များအား အကူအညီ တောင်းခဲ့ရကြောင်း သိရသည်။

“တစ်ယောက်ထဲသောက်ရင်း ဘီယာမူးသွားပြီး တာဝါတိုင်ပေါ်တက်သွားတာ။ အလည်လောက် အရောက်မှာ ညှပ်နေပြီး အောက်ကိုလည်း ပြန်မဆင်းနိုင်တော့တာ။ ကျွန်တော်တို့အဖွဲ့တွေ ပေါင်းပြီး မြေပြင်ရောက်အောင် ကူညီပေးခဲ့ပါတယ်”ဟု စေတနာရှင် လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

MPT တာဝါတိုင်ပေါ်ရောက်ရှိသွားသူ အမျိုးသားမှာ အသက် ၂၀ ဝန်းကျင်ခန့်ရှိပြီး ၎င်းအား ကြိုးဖြင့် မြေမြင်သို့ ရောက်အောင် ကူညီပေးခဲ့ရကြောင်း သိရသည်။ ထို့နောက် ဆက်လက်လည်း မူးနေသောကြောင့် ဆေးရုံသို့ ဆေးကုသမှု ခံယူရန် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်း
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မွန်ပြည်နယ် #သံဖြူဇရပ် #တာဝါတိုင် #MPT #ဘီယာ