ဘီယာဆိုင်ထိုင်ရန်လာသည့် ရဲတပ်ဖွဲ့ကို PDF ပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်မှုကြောင့် ရဲလေးဦးသေ၊ လက်နက်များ သိမ်းဆည်းရမိ

Author လင်းခိုင်
Categories
Published on Dec 19, 2022

 

ဘီယာဆိုင်ထိုင်ရန်လာသည့် ရဲတပ်ဖွဲ့ကို PDF ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်ခဲ့မှုကြောင့် ရဲလေးဦးသေဆုံးကာ လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း Chindwin Galone Yarzar Guerrilla Defenc Force မှ သိရသည်။

ဒီဇင်ဘာ ၁၈ ရက် နံနက် ၈ နာရီ ၅၀ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ တစ်နေရာ၌ ဘီယာဆိုင်ထိုင်ရန် လာရောက်သည့် စစ်ကောင်စီ လက်အောက်ခံ ရဲ ငါးဦးကို PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒုရဲအုပ်အပါအ၀င် လေးဦးသေဆုံးကာ၊ ရဲတစ်ဦးထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

“ သူတို့က အိမ်စီးကားနဲ့ ဘီယာဆိုင်လာတာ၊ ကျွန်တော်တို့တွေက ဝိုင်းပြီးပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်။ စတိုက်ချင်း ရဲတစ်ယောက်က ကားပေါ်ကနေထွက်ပြေးလို့ လွတ်သွားတယ်။ အူစီသေနတ် သုံးလက်နဲ့၊ ၉မမ ကျည် ၅၀ လောက်နဲ့ ရဲအသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့တယ်”ဟု Chindwin Galone Yarzar Guerrilla Defenc Force မှ ပြန်ကြားရေးတာ၀န်ခံ ကိုထက်နိုင်က CJ Platform သို့ပြောသည်။

အဆိုပါ ပစ်ခတ်မှုတွင် ရဲများမှ ပြန်လည်ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ တစ်ဦး ကျည်ထိမှန်ဆုံးရှုံးခဲ့ရပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များဘက်မှ အနည်းငယ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိတွေ့ပစ်ခတ်သံများကြားရပါက ပြည်သူများအနေဖြင့် ဘေးလွတ်ရာ၊ အကာအကွယ်ကောင်းသည့် နေရာသို့ ရှောင်တိမ်းရန်၊ စူးစမ်းလေ့လာခြင်း၊ ပြေးလွှာခြင်းများ မပြုလုပ်ရန် Chindwin Galone Yarzar Guerrilla Defenc Force ကမေတ္တာရပ်ခံထားသည်။

ယခုစစ်ဆင်ရေးအား Chindwin Galone Yarzar Guerrilla Defenc Force၊ Salingyi People’s Defence force၊ Triple Two Task Force၊ Monywa Trust of Force၊ Yinmarbin Local PDF နှင့် Alpha Special Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ရုပ်သံ- Chindwin Galone Yarzar Guerrilla Defenc Force
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #စစ်ကိုင်းတိုင်း #ဆားလင်းကြီး #ဘီယာဆိုင် #PDF