ဘားလမ်း မွတ်စလင် ကုသိုလ်ဖြစ် ဆေးရုံတွင် သူနာပြုအကူသင်တန်းအား အခမဲ့ သင်ကြားပေးမည်

Author CJ-001
Categories
Published on Sep 20, 2022

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ ဘားလမ်း မွတ်စလင် ကုသိုလ်ဖြစ် ဆေးရုံတွင် သူနာပြု အကူသင်တန်းအား အခမဲ့ သင်ကြားပေးရန် သင်တန်းသားများ ခေါ်ယူနေကြောင်း သိရသည်။
သင်တန်းကာလ ၁၀လကြာမြင့်ပြီဖြစ်ပြီး သင်တန်းအား ၂၀၂၂ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၃ခုနှစ် စက်တင်ဘာလကုန်အထိ သတ်မှတ်ထားကြောင်း သိရသည်။

မိမိပတ်ဝန်းကျင်၊ မိသားစု၊ ဆွေမျိုး၊ အသက်ကြီးရွယ်အိုများအား အထောက်အကူပြုစေရန် ယခုကဲ့သို့ သူနာပြုအကူသင်တန်းအား အခမဲ့ ဖွင့်လှစ် သင်ကြားပေးရခြင်းဖြစ်ကြောင်း ဘားလမ်း မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံမှ ကြေညာထားသည်။

သင်တန်းလျှောက်လွှာများကို အောက်တိုဘာလ ၁ရက်နေ့မှ စက်တင်ဘာလ ၃၀ရက်နေ့အတွင်း ထုတ်ယူနိုင်ပြီး နယ်မှ တက်ရောက်လိုသူများလည်း မိမိအစီအစဉ်မိမိ လာရောက်နေထိုင်ကာ သင်ယူနိုင်ကြောင်း သိရသည်။

အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အမှတ် 196/200 မဟာဗန္ဓုလပန်းခြံလမ်း၊ ကျေက်တံတားမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း ၀၁၂၅၅၉၆၇ ကို မနက် ၉နာရီ မှ နေ့လည် ၁ နာရီ အတွင်း ဆက်သွယ် မေးမြန်းနိုင်ကြောင်း ဘားလမ်း မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံမှ ဖော်ပြထားသည်။