ဘာသာရေးခုတုံးလုပ် ပျူခေါင်းဆောင် ဦးဝါသ၀ကို အကြမ်းဖက်သမားအဖြစ်သတ်မှတ်ပြီး ဥပဒေနှင့် အညီ ဖမ်းဆီး အရေးယူသွားမည်

Author လင်းခိုင်
Categories
Published on Dec 17, 2022

 

ဘာသာရေးခုတုံးလုပ် ပျူစောထီး ခေါင်းဆောင် ဦးဝါသ၀ကို အကြမ်းဖက်သမားအဖြစ် သတ်မှတ်ပြီး ဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူသွားမည်ဟု လင်းယုန်နီ ကန့်ဘလူ၊ ဗိုလ်လင်းယုန်က ထုတ်ပြန်ထား သည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာနေ ပျူစောထီးခေါင်းဆောင် ဦးဝါသ၀သည် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းပြီး ကန့်ဘလူ၊ တန့်ဆည်၊ ကျွန်းလှမြို့နယ်များတွင် အကြမ်းဖက် စစ်ကောင်စီ ထောက်တိုင်များအဖြစ် ပျူစောထီးသင်တန်းများကို စစ်ကောင်စီထံမှ အခကြေးငွေယူကာ လူသူစုဆောင်းခြင်း၊ မတက်ရောက်နိုင်သည့် အိမ်များကိုလည်း ငွေကြေးတောင်းခံခြင်းများ အဓ္ဓမပြုလုပ်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ပျူစောထီးသင်တန်းဆင်း ရာဇ၀တ်ကောင်းများသည် အကြမ်းဖက်စစ်ကောင်စီမှ ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခြင်းမခံရမီအချိန်တွင် ဒေသတွင်းကျေးရွာများသို့ စစ်ကြောင်းထိုး ၀င်ရောက်ပြီး ပြည်သူများအား ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ အမျိုးသမီးများအား မုဒိန်းကျင့်စော်ကားခြင်း၊ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ အဖိုးတန်ပစ္စည်းများအား လုယက်ခိုးယူခြင်းများ ကျူးလွန်မှုများကို သက်သေအထောက်အထားများ ရရှိပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထား သည်။

ထို့ကြောင့် အမျိုးသာသာ၊ သာသနာကို ခုတုံးလုပ်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းကာ ပြည်သူလူထုအား ဖမ်းဆီးနှိပ်စက်လျက်ရှိသော ဦးဝါသ၀အား ဒေသတွင်းတော်လှန်ရေးအင်အားစုများမှ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ကာ ဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူဆောင်ရွက်သွားမည်ဟု လင်းယုန်နီကန့်ဘလူက ဆိုသည်။

ဦးဝါသ၀သည် စစ်ကိုင်းတိုင်းအတွင်း ပျူစောထီးများကို စုဆောင်းပြီး လက်ရှိတွင် ပျူစောထီးအင်အား ၅၀၀ ခန့်အထိရှိပြီး ဒေသခံ PDF များကို စိန်ခေါ်ထားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ပျူစောထီး #ဦးဝါသဝ