ဘာမားအက်ဥပဒေသည် ရုန်းကန်နေရသည့် မြန်မာပြည်သူများအတွက် မျှော်လင့်ချက်ဖြစ်ကြောင်း ယာယီသမ္မတပြောကြား

Author လင်းခိုင်
Categories
Published on Dec 17, 2022

 

ဘားမားအက်ဥပဒေသည် ရုန်းကန်နေရသည့် မြန်မာပြည်သူများအတွက် မျှော်လင့်ချက်ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ၊ အမေရိကန်ကွန်ဂရက်မှ ဒီဇင်ဘာ ၁၆ရက်တွင် အတည်ပြုခဲ့သည့် ဘားမားအက်ဥပဒေနှင့် ပတ်သက်ပြီး ထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ဂျိမ်းစ်အမ်အင်ဟုတ်(ဖ်) အမျိုးသားကာကွယ်ရေး အခွင့်အာဏာဥပဒေ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ဘားမားအက် ကို အတည်ပြုနိုင်ခဲ့သည့် အမေရိကန်ကွန်ဂရက်ကို အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာပြည်၏ ဒီမိုကရေစီရေးအတွက် တိုက်ပွဲ၀င်နေကြသည့် အင်အားစုအားလုံးမှ ကျေးဇူးတင်ကြောင်း ယာယီသမ္မက ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းဥပဒေတွင် မြန်မာ့ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုရရှိရေးတို့အတွက် တိုက်ပွဲ၀င်နေကြသည့် မြန်မာနိုင်ငံသားများ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ NUCC၊ CRPH၊ CDM တို့နှင့်အတူ မိတ်ဖက်အဖွဲ့အစည်းများအားလုံးကို ကူညီအားဖြည့်နိုင်မည့် ပေါ်လစီများ ချမှတ်နိုင်ရန် ဥပဒေတရပ်ရှင်းလင်းစွာချမှတ်ပေးထားကြောင်း၊ ဥပဒေတွင် မြန်မာစစ်တပ်၊ ယင်းတို့ မှီတည်လုပ်ဆောင်နေသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ စွမ်းအင်ကဏ္ဍနှင့် သက်ဆိုင်သော စီးပွားရေးလုပ်ငန်းများကို အရေးယူရန် အခွင့်အာဏာများ ပြဌာန်းထားသည်ဟု ကြေညာချက်တွင် ရေးသားထားသည်။

ထို့ပြင် လူသားချင်းစာနာမှုအကူအညီများအား မြန်မာပြည်သူမားကို ကူညီရန်၊ နည်းပညာပိုင်းဆိုင်ရာ အကူအညီများနှင့် လက်နက်မဟုတ်သော အကူအညီများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ထောက်ပံ့ရန် ပြည်သူ့ဘက်ကူးပြောင်းလာသည့် စစ်သားများကို ကူညီမည့် အစီအစဉ်များ ယင်းဥပဒေတွင် ဖော်ပြထားကြောင်း ယာယီသမ္မတကဆိုသည်။

အဆိုပါ ဘားမားအက်ဥပဒေသည် အခက်အခဲများကြားတွင် ရုန်းကန်နေရသည့် ပြည်သူပြည်သူများလိုလားသည့် မျှော်လင့်ချက်များ၊ အကူအညီများကို ပေးနိုင်မည်ဖြစ်ကြောင်း၊ ပြည်တွင်းရှိ ပြည်သူများ၊ ပြည်ပရောက်မြန်မာနိုင်ငံဖွားများနှင့် ယခုလိုအောင်မြင်မှုရရှိစေရန် အမေရိကန်နိုင်ငံတ၀န်းတွင် နေထိုင်ကြသည့် ကူညီပေးသူအားလုံးကို ကျေးဇူးတင်ကြောင်း၊ဘားမားအက် ဥပဒေအတည်ပြုနိုင်ရေး စွမ်းဆောင်နိုင်မှုသည် ဒီမိုကရေစီရရှိရေးလှုပ်ရှားမှုကို ပိုမိုအားကောင်းလာစေကြောင်း ယာယီသမ္မတကြေညာချက်တွင် ဖော်ပြထားသည်။

မကြာမီ အမေရိကန်နိုင်ငံ သမ္မတကြီးဘိုင်ဒင်မှလည် ထိုးအက်ဥပဒေကို တရား၀င်စေရန်အတွက် လက်မှတ်ရေးထိုးမည်ဟု မျှော်လင့်ကြောင်း၊ အမေရိကန်ကွန်ဂရက်တစ်ရပ်လုံးနှင့် ဘားမားအက်ဥပဒေအတည်ပြုနိုင်ရေးအတွက် ပါ၀င်ကူညီကြသူအားလုံး ကျေးဇူးတင်ကြောင်း ယာယီသမ္မတက ကြေညာထားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #NUG #ဘားမားအက် #ယာယီသမ္မတ #ဒူဝါလရှီးလ