ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းဆက်ဖြစ်နေလို့ တိုင်းနဲ့ ပြည်နယ် ငါးခုမှာ မိုးရွာနိုင်ခြေ ၆၀ ရာခိုင်နှုန်းရှိ
ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းဆက်ဖြစ်နေလို့ တိုင်းနဲ့ ပြည်နယ် ငါးခုမှာ ဒီကနေ့ ညနေပိုင်းအထိ မိုးရွာနိုင်ခြေ ၆၀ ရာခိုင်နှုန်းရှိနေပါတယ်။အခုဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက အိန္ဒိယ-တမီလ်နာဒူးပြည်နယ် ကမ်းခြေနားအရောက်မှာ ဆဲလ်နှစ်ခု ကွဲထွက်ပြီး အနောက်ဘက်ရှိ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း ပင်လယ်ပြင်ဘက်ကို ပြန်လှည့်နိုင်ပြီး မြောက်-အနောက်မြောက်နဲ့ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းကိုရွေ့လျားလာနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။