ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု နိုဝင်ဘာလ လကုန်ပိုင်းမှာ ဖြစ်ပေါ်လာနိုင်

Published on Nov 20, 2024

ဘင်္ဂလားပင်လယ်အော် အနောက်ဘက် အိန္ဒိယနိုင်ငံတောင်ပိုင်းနဲ့ သီရိလင်္ကာကျွန်းဘက်ကို ဆက်လက်ရွေ့လျားသွားမှာဖြစ်တာကြောင့် မြန်မာပြည်ဘက်ကို သက်ရောက်နိုင်ချေ မရှိဘူးလို့ ယမန်နေ့ ညပိုင်းခန့်မှန်းထားချက်အရ သိရပါတယ်။ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့မှာတော့ တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေတယ်လို့ စစ်ကောင်စီမိုးဇလရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။