ဘင်္ဂလားပင်လယ်အော်မှာ ဒီကနေ့ ညပိုင်း မုန်တိုင်းငယ်ဖြစ်ပေါ်လာနိုင်
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာအရှေ့ပိုင်းတို့မှာ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေပါတယ်။ဒီလေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းကို ရောက်ရှိပြီးနောက် ပိုမိုအားကောင်းလာနိုင်ကာ နောက် ၁၂ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ဒီကနေ့ မနက်အစောပိုင်းမှာ ခန့်မှန်းလိုက်ပါတယ်။