ဗိုလ်မှူးချုပ်အုန်းသွင် ပစ်ခတ်ခံရပြီးနောက် နေပြည်တော်ထွက်ပြေးသည့် အငြိမ်းစားအရာရှိကြီးများ၏ အိမ်ခြံမြေများ အပြိုင်အဆိုင်ရောင်းချနေ

Author အောင်နိူင်သူ
Categories
Published on Oct 24, 2022

စစ်ကောင်စီတပ်မှ အငြိမ်းစားဗိုလ်မှူးချုပ်အုန်းသွင် ပစ်ခတ်လုပ်ကြံခံရပြီးနောက် ရန်ကုန်မြို့တွင်နေထိုင် သည့် အငြိမ်းစားအရာရှိကြီးများ နေပြည်တော်ကို ထွက်ပြေးကာ အိမ်ခြံမြေများ အပြိုင်အဆိုင် ပြန်လည်ရောင်းချနေသည်ဟု အိမ်ခြံမြေအသိုင်းအဝိုင်းက သိရသည်။

လှိုင်မြို့နယ်တွင် စက်တင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက အငြိမ်းစားဗိုလ်မှူးချုပ်အုန်းသွင်နှင့် သားမက်ဖြစ် သူ ဗိုလ်ကြီးရဲတေဇ တို့နှစ်ဦး လုပ်ကြံပစ်ခတ်ခံရပြီးနောက် ရန်ကုန်မှ အငြိမ်းစားဗိုလ်ချုပ် ၊ဗိုလ်မှူးချုပ် ၊ဗိုလ်မှူးကြီးအပါအဝင် အရာရှိကြီးများ နေပြည် တော် ကို ထွက်ပြေး တိမ်းရှောင် နေထိုင်ကြတာ ဖြစ် သည် ဟု အိမ်ခြံမြေပွဲစားတစ်ဦးက CJ Platform ကို ပြောသည်။

“ကျနော်သူငယ်ချင်းတွေ ကိုင်ထားတဲ့ မြေကွက်တွေဆို သိန်းသောင်းချီပြီး တန်တာ အငြိမ်းစားဗိုလ်ချုပ် တစ်ဦးအပ်ထားတာ ပြန်ရောင်းတာပဲ တိုက်သုံးလုံးလောက်ရှိတယ် “ဟု ရှင်းပြသည်။

စစ်မှုထမ်းဟောင်း အများစု နေထိုင်သည့် သဃ်န်းကျွန်း သုဝဏ္ဏ ဗိုလ်ချုပ်ရွာတွင် အောက်တိုဘာလအတွင်း တိုက်အလုံးရာကဏန်းနီးပါး ပြန်လည်ရောင်းချရန် အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းနှင့် ချိတ်ဆက် ထားသည်ဟု စစ်မှုထမ်းဟောင်းတစ်ဦးက CJ Platform ကိုပြောသည်။

“ရန်ကုန်မှာအိမ်ရှိနေရင် အိမ်လာရင် အပစ်ခံနေရအုံးမှာ အာကြောင့် အပြီးရောင်းပစ်တာ ကျနော်ဆရာက ဗိုလ်မှုးချုပ်(အငြိမ်းစား) သူတိုက်လည်း ရောင်းဖို့လုပ်ထားတယ် သိန်းနှစ်သောင်းခွဲနဲ့၊ နေပြည်တောင်မှာ နေပြီး နိုင်ငံခြားအပြီးပြောင်းမယ်လို့လဲ သူတို့အချင်းချင်းပြောကြတယ် မြန်မာပြည်မှာ မနေရဲတော့ဘူး ” ဟု ပြောသည်။

အငြိမ်းစားစစ်ကောင်စီတပ်မှ အရာရှိကြီးအချို့နေအိမ် များ ပြန်လည်ရောင်းချသည်မှာ နေပြည်တော်စက် မှုဇုန်တွင် စစ်ကောင်စီက ပြန်လည်ရောင်းချမည့် မြေဧကများဝယ်ယူနိူင်ရန် ရောင်းချခြင်းလည်းဖြစ်သည် ဟု စစ်တပ်နှင့်နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“သူတို့ပြန်ရောင်းကြတာ မနေချင်တော့တာလည်းပါတယ် အဲ့ဒါကို အကြောင်းပြပြီး နေပြည်တော် စက်မှုဇုန်က မြေဧကတွေ ဝယ်မလို့နဲ့တူတယ်၊ အတော်များများကတော့ စင်္ကာပူက အိမ်စျေးတွေကို လှမ်းစုံစမ်းနေတယ် ထွက်ပြေးဖို့ကို”ဟု ပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ အိမ်ခြံမြေလုပ်ငန်းများတွင် စစ်ကောင်စီတပ်မှ အငြိမ်းစားဗိုလ်ချုပ်မှစ၍ ဗိုလ်မှူးကြီးအထိ ပြန်လည်ရောင်းချရန် အပ်နှံထားသည့် တိုက်ခန်းမြေကွက်ပေါင်းတစ်ရာကျော်ရှိပြီး ကျပ်သိန်း ၉၅၀၀ မှ ၃၅၀၀၀ တန်ဖိုးရှိ တိုက်ခန်းမြေကွက်များဖြစ်သည်။

အာဏာသိမ်းယူမှုကို ကြိုဆိုခဲ့သည့် စစ်မှုထမ်းဟောင်း အများစုနှင့် စစ်ကောင်စီနှင့် နီးစပ်သည့် ခရိုနီသူဌေးများမှာ တော်လှန်ရေးအင်အားစုများအား ကြောက်ရွံ့မှုကြောင့် နိုင်ငံခြား တိုင်းပြည်များသို့ ထွက်ပြေးတိမ်းရှောင်နေထိုင်နိုင်ရန် ပြည်တွင်းရှိ ပိုင်ဆိုင်မှုများအား ရောင်းချနေလျှက်ရှိကြောင်း သိရသည်။