ဗိုလ်တစ်ထောင် ၄၄ လမ်း ဖြစ်စဉ်မှ လူငယ်များအား စစ်ကောင်စီက ထောင်ဒဏ် ၁၂ နှစ်ချ

Author ကိုပေါက်
Categories
Published on Dec 27, 2022

ဗိုလ်တစ်ထောင်မြို့နယ် ၄၄ လမ်း တိုက်ခန်းတစ်ခုပေါ်တွင် စစ်ကောင်စီက ဝင်ရောက် စီးနင်း ဖမ်းဆီးစဉ် ခုန်ချခဲ့သူ လူငယ်များထဲမှ ဖမ်းဆီးခံရ ၇ ဦးကို ယနေ့ နေ့လယ်ပိုင်းက အင်းစိန်အကျဥ်းထောင်မှ ထောင်ဒဏ် ၁၂နှစ် ချမှတ်ခဲ့သည်ဟု အကျဥ်းဦးစီးနှင့် နီးစပ်သူများထံမှ သိရသည်။

အင်းစိန်အကျဥ်းထောင်တွင်း တရားရုံးမှ ၄၄ လမ်းဖြစ်စဥ်တွင် ဖမ်းဆီးခံခဲ့ရသူ အမျိုးသား ၆ ဦးနှင့်
အမျိုးသမီးတစ်ဦးအား ယနေ့ နေ့လယ်ပိုင်းတွင် ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၅၊ အားပေးကူညီမှု ပုဒ်မ ၃/၆ဖြင့် ထောင်ဒဏ်အသီးသီးချခဲ့တာ ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီဆောင်ရွက်ပေးနေသူ ရှေ့နေတစ်ဦးက CJ Platform ကိုပြောသည်။

“အမျိုးသားငါးဦးနဲ့ အမျိုးသမီးတစ်ဦးကို ထောင်ဒဏ် ၁၂နှစ် Taxi ယာဥ်မောင်းကို ထောင်ဒဏ် ၇ နှစ်ချလိုက်တာ”ဟုပြောသည်။

စစ်ကောင်စီ၏ ဖမ်းဆီးခံခဲ့ရသူ ကိုရဲမင်းဦး ၊ ကိုမင်းသစ္စာအောင်နှင့် ကိုဝေယံထက်တို့ကို ပုဒ်မ ၅ အရ ထောင် ၅ နှစ်နှင့် ပုဒ်မ ၃/၆ အရ ထောင် ၇ နှစ် ချမှတ်ခဲ့ပြီး ကိုသီဟကောင်းဆက် ၊ကိုဝေဖြိုးအောင်နှင့် မပိုးကျော်ကျော်ခန့်တို့ သုံးဦးကို ပုဒ်မ ၅၊ပုဒ်မ ၃/၆ တို့ဖြင့် ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခဲ့ပြီး Taxi ယာဥ်မောင်းကို ပုဒ်မ၃/၆ ဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့တာဖြစ်သည်ဟု သိရသည်။

ဗိုလ်တစ်ထောင်မြို့နယ် ၆ ရပ်ကွက် ၄၄ လမ်း တိုက်အမှတ် ၁၆ လေးလွှာမှာ ၂၀၂၁ ခုနှစ် သြဂုတ် ၁၀ ရက်က စစ်ကောင်စီက ဝင်ရောက်စီးနင်းဖမ်းဆီးစဉ် လူငယ်ငါးဦးခုန်ချခဲ့ရာ ကိုဇော်ဝေဖြိုးနှင့် မဝေဝေမြင့်တို့ ဆုံးပါးခဲ့ရပြီး ကျန်ရှိသူများ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #အင်းစိန် #ဗိုလ်တစ်ထောင် #၄၄လမ်း