ဗဟန်းရှိ ဦးတေဇပိုင်AGD ဘဏ် ဗုံးခွဲခံရ

Author ခေတ်နီ
Categories
Published on Nov 04, 2022

ခရိုနီဦးတေဇ ပိုင်ဆိုင်သည့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်းရှိ AGD Bank ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ဦးချစ်မောင်လမ်းရှိ အာရှစိမ်းလမ်းမှုဖွံ့ဖြိုးရေးဘဏ်လီမီတက်(AGD Bank) -ဦးချစ်မောင်ဘဏ်ခွဲကို ယနေ့ နေ့လည် ၂ နာရီခန့်မှာ ရန်ကုန်မြို့ပြပြောက်ကျား အဖွဲ့များဖြစ်သည့် Brave Eagles (UG)၊ Dark Shadow (UG) နှင့် K.M.D18 တို့က ဖောက်ခွဲ တိုက်ခိုက်ခဲ့တာပဲ ဖြစ်သည်။

ထိုသို့ ဖောက်ခွဲမှုကြောင့် ဘဏ်၏အဆောက်အဦး မျက်နှာစာအပိုင်း၊ ဘဏ်ပိုင်ကားနှင့် မီးစက်များ ပျက်စီး ထိခိုက်မှုများရှိခဲ့ကြောင်း သိရသည်။

ဖောက်ခွဲတိုက်ခိုက်ခံရသည့် AGD Bankသည် ခရိုနီတေဇပိုင် Htoo Group ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး စစ်ကောင်စီ၏ အဓိက စီးပွားရေးထောက်တိုင်တစ်ခုအဖြစ် အခိုင်မာရပ်တည်နေခြင်းကြောင်း စီးပွားရေး ပစ်မှတ်အဖြစ် ဒဏ်ခတ်အရေးယူသည့်အနေဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။