ဗဟင်းရဲစခန်းကို မီးရှို့ကာ စစ်ကောင်စီတပ်များ ထွက်ပြေး၊ လေဖြတ်နေသည့် ရဲတပ်ကြပ်အား ငွေ တစ်သောင်းပေးပြီး ထားခဲ့

Author ခေတ်နီ
Categories
Published on Nov 22, 2022

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ဗဟင်းရွာ ရဲစခန်းအား မီးရှို့ကာ စစ်ကောင်စီတပ်များထွက်ပြေးခဲ့ရာတွင် လေဖြတ်နေသည့် ရဲတပ်ကြပ်တစ်ဦးကို ကျပ်ငွေ တစ်သောင်းပေးကာ ထားခဲ့ကြောင်း မြိုင် (ပကဖ) က ယနေ့တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်မှ စစ်ကြောင်း ဆုတ်ခွာရာတွင် ဗဟင်းရဲစခန်းမှ ရဲမိသားစုများအားလုံး ခေါ်ဆောင်သွားသော်လည်း၊ လေဖြတ်နေသည့် ရဲတပ်ကြပ်တစ်ဦးကိုမူ ငွေကျပ် တစ်သောင်းပေးပြီး ရဲစခန်းတွင် ထားခဲ့ခြင်းဖြစ်သည်။

ယနေ့ (နို၀င်ဘာ ၂၂ ရက်) နေ့လည် ၂ နာရီခန့်တွင် ဗဟင်းရွာ ရဲစခန်းကို မီးရှို့ပြီး ဆုတ်ခွာလာသည့် စစ်ကြောင်းကို မြိုင်မြို့နယ်၊ ယာကြီးပြင်ရွာမြောက်ဘက် တစ်မိုင်ခန့်အကွာရှိ တာဝါတိုင် နှစ်တိုင်ကြားတွင် မြိုင်(ပကဖ) အဖွဲ့က ပဒေသာမိုင်း ၈လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီဘက်မှ ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင် သေဆုံးခဲ့သည့် စစ်သားနှင့်ရဲများကို စစ်ကောင်စီတပ်က ယာကြီးပြင်ရွာအနီးတွင် သဂြိုလ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်၏ ဆုတ်ခွာစစ်ကြောင်းမှ ဗဟင်းရဲစခန်းကို မီးရှို့ခဲ့မှုကြောင့် ဗဟင်းကျေးရွာမှ နေအိမ် ၅၂ လုံးခန့်လည်း မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်များထံမှ သိရသည်။
ဓာတ်ပုံ- မြိုင်ပကဖ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မကွေးတိုင်း #မြိုင်မြို့နယ် #ဗဟင်းရွာ

Related News

Depend on news