ဗန်းမောက်မြို့နယ်အတွင်းရှိ NUGမှ ဖွင့်လှစ်ထားသည့် ဆေးရုံတစ်ရုံကို စစ်ကောင်စီတပ် ထပ်မံဗုံးကြဲ

Author ခေတ်နီ
Categories
Published on Oct 21, 2022

 

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ လမ်းညွှန်ချက်ဖြင့် ဖွင့်လှစ်ထားသည့် ဆေးရုံတစ်ရုံအား စစ်ကောင်စီတပ်က ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကောင်း Banmauk revolutionက ထုတ်ပြန်ထားသည်။

ဗန်းမောက်မြို့နယ် ကြောင်လည်ကျေးရွာရှိ ဆေးရုံနှင့် ဝန်ထမ်းအိမ်ယာကို စစ်ကောင်စီတပ်မှ ယနေ့ နေ့လည် ၁ နာရီခန့်မှာ လေယာဥ် ၂ စီးဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဆေးရုံအဆောက်အအုံ ပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး အရပ်သားတစ်ဦးလဲ သေဆုံးခဲ့ကြောင်း သိရသည်။

“နေ့လယ်က ဝင်ပစ်သွားတာ တယောက်သေတယ်ဆိုတာပဲ သိသေးတယ် မနေ့ကလဲ မံယူးကြီးကဆေးရုံကို ပစ်သွားသေးတယ်”ဟု ဗန်းမောက်ဒေသခံတစ်ဦးက ဆိုသည်။

ထို ကြောင်လည်ကျေးရွာဆေးရုံသည် အမျိုးသားညီညွှတ်ရေးအစိုးရ NUGကဖွင့်လှစ်ထားသည့် ဆေးရုံဖြစ်ကြောင်းလည်း သိရသည်။

စစ်ကောင်စီတပ်ဟာ ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်နေ့ကလဲ ဗန်းမောက်မြို့နယ်အတွင်းက မံယူးကြီးကျေးရွာမှ တိုက်နယ်ဆေးရုံဖွင့်ပွဲကို လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးကာ ကလေးငယ်များအပါအဝင် အများအ ပြား ဒဏ်ရာရရှိခဲ့သည်။